Friday, August 12, 2016

ကွန်ပျူတာဂိမ်းတဲ့ ကျနော်တို့

တခါတရံ
ဂိမ်းကစားကြတာ
စိတ်ပြေလက်ပျောက်
ကောင်းပါတယ်...

ဒါပေမယ့်
ဂိမ်းတစ်ခုကို
စွဲလန်းသွားရင်တော့
မျက်စိအတွက်ရော
ကျန်းမာရေးအတွက်ရော
မိမိအလုပ်အတွက်ပါ
မကောင်းပါဘူး...

အောင်မြင်တဲ့လူတွေက
ဂိမ်းဆော့ခြင်းဖြင့်
သူတို့ရဲ့
တန်ဖိုးရှိတဲ့အချိန်တွေကို
ဖြုန်းတီးမပစ်ကြဘူး...

တကယ်ကြိုးစားနေတဲ့လူအတွက်
ဂိမ်းကို စွဲစွဲလန်းလန်းဆော့ဖို့လည်း
အချိန်မရှိဘူး...

ဂိမ်းဆော့မည့်အချိန်အတွက်
အားကစား တစ်ခုခုလုပ်လိုက်ပါ
မိမိအိမ်မှာ လုပ်စရာတခုခုလုပ်လိုက်ပါ
ဒါမှမဟုတ်
ခရီးတစ်ခုခုသွားလိုက်ပါ
ဒါဟာ ကျနော်တို့အတွက်
အကျိုးရှိစေပါတယ်...

ကျနော်တို့
ဘာကြောင့်
မအောင်မြင်ကြတာလဲ
အမြဲသုံးသပ်ဖို့လိုပါတယ်...

လင်းဝေ

No comments:

Post a Comment