Friday, August 12, 2016

"...တန်ဖိုးများ..."



သူ့တန်ရာတန်ကြေးကို မပေးဆပ်ဘဲ လောကကြီးက ကျနော်တို့ကို ဘာမှပေးမှာ မဟုတ်ပါဘူး။

အဲဒီလိုပဲ ကျနော်တို့လုပ်နေတဲ့ အလုပ်တစ်ခုအတွက် တန်ရာတန်ကြေးတော့ ကျနော်တို့ ယူမှရမယ်။

"အလကားရ ရေ အသေသောက်" ဆိုတဲ့ စကားပုံက အလကားဖြစ်လာတာ မဟုတ်ဘူးလေဗျာ။

ကျနော်တို့မြန်မာတွေက ဖရီးဆို ဂျီးတောင် လာတွန်းခိုင်းမလားပဲဗျ။

ကိုယ်တကယ်စေတနာရှိလို့ လိပ်ပြာသန့်သန့် ကူညီလိုက်ရတာကတော့ တကယ့်ကို စိတ်ချမ်းသာပါတယ်။

အဲလိုမှ မဟုတ်ရင်တော့ တန်ရာတန်ကြေးကို တောင်းတတ်ဖို့တော့လိုတယ်။

ဘာဖြစ်လို့လဲဆိုတော့ တချို့လူတွေက တန်ဖိုးနားမလည်ကြဘူး။

ကိုယ်ပိုင်တဲ့အရာ ကိုယ်လုပ်တဲ့အလုပ်မှ တန်ဖိုးရှိတယ် မထင်ပါနဲ့။

အရာရာတိုင်းမှာ သူ့တန်ဖိုးနဲ့သူ ရှိကြတယ်ဆိုတာ ကျနော်တို့ နားလည်ဖို့လိုတယ်။

တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားတတ်ကြပါစေ။

လင်းဝေ

No comments:

Post a Comment