Friday, March 27, 2015

What is the truth

အမှန်တရားကို သိရပါမယ်..

ကျနော်တို့ စင်္ကာပူကို မချစ်ပါဘူး ကျနော်တို့ကိုယ့်နိုင်ငံကိုယ်ပဲ ချစ်တာပါ..

ဒါပေမယ့် ကျနော်တို့ အမှန်တရားကို မြင်တတ်ရပါမယ်..

ဒီအနှစ် ၅၀ အတွင်းမှာ စင်္ကာပူနိုင်ငံကို ခေါင်းဆောင်ပြီး အုပ်ချုပ်ခဲ့တဲ့ လီကွမ်ယုနဲ့ ခေါင်းဆောင်တွေကို မြန်မာနိုင်ငံကို ခေါင်းဆောင်ပြီးအုပ်ချုပ်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ ခေါင်းဆောင်တွေနဲ့ အာဏာရှင် အတူတူပဲဆိုပြီး တန်းညှိလို့မရပါဘူး..

လီကွမ်ယုဟာ ဘာသယံဇာတအရင်းအမြစ်မှ မရှိတဲ့ နိုင်ငံငယ်လေးကို အာရှအဖွံ့ဖြိုးဆုံးဖြစ်အောင်၊ ကမ္ဘာ့ အသန့်ရှင်းဆုံးဖြစ်အောင်၊ ပညာတတ်နိုင်ငံဖြစ်အောင်၊ ကျန်းမာရေး အဆင့်မြင့်အောင်၊ တရားဥပဒေ စိုးမိုးပြီး တရားမျှတအောင်၊ မိသားစုတစ်စု တိုက်ခန်းတစ်ခန်း ကားတစ်စီးပိုင်အောင် စသည့် ဖြင့် သူ့တိုင်းပြည်သူ့လူမျိုးတိုးတက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ကမ္ဘာက လေးစားရတဲ့ ခေါင်းဆောင်တစ်ယောက်ပါ..

စင်္ကာပူနိုင်ငံသား အနိမ့်ဆုံးအလုပ်သမား မပြောပါနဲ့ စင်္ကာပူက အိမ်ဖော်တစ်ယောက်ရဲ့လစာဟာ မြန်မာနိုင်ငံက အင်ဂျင်နီယာဘွဲ့ရတစ်ယောက်ရဲ့ လစာထက်များပါတယ်..

စင်္ကာပူခေါင်းဆောင်တွေရဲ့ ပညာအရည်အချင်း၊ စွမ်းဆောင်မှု၊ သူ့တို့တိုင်းပြည်နဲ့ လူမျိုးအပေါ် ချစ်မြတ်နိုးမှု၊ တန်ဖိုးထား စေတနာထားမှုနဲ့ မြန်မာစစ်ဗိုလ်ချုပ်ခေါင်းဆောင်တွေနဲ့ ဆီနဲ့ရေလို ကွာခြားပါတယ်

မြန်မာစစ်ဗိုလ်ချုပ်ခေါင်းဆောင်တွေရဲ့ ပညာအရည်အချင်း၊ စွမ်းဆောင်မှု၊ တိုင်းပြည်နဲ့ လူမျိုးအပေါ် ချစ်မြတ်နိုးမှု၊ တန်ဖိုးထား စေတနာထားမှုတွေဟာ စင်္ကာပူခေါင်းဆောင်တွေရဲ့ ဖိနပ်မှာကပ်နေတဲ့ ဖုန်မှုန့်ကိုတောင် မမှီသေးပါဘူး..

ကျနော်တို့ဟာ ရလဒ်တွေကို ကြည့်ရမှာပါ..

ဘာသယံဇာတမှမရှိတဲ့ စင်္ကာပူနိုငံဟာ အဖွံ့ဖြိုးဆုံး နိုင်ငံအဖြစ်ရပ်တည်နေချိန်မှာ
သယံဇာတ ပေါကြွယ်ဝပါတယ်ဆိုတဲ့ ကျနော်တို့မြန်မာနိုင်ငံဟာ အနိမ့်ကျဆုံးနေရာမှာ ရောက်ရှိနေပါပြီ..

 ကျနော်တို့ဟာ အထင်ကြီးလေးစားသင့်တာကို အထင်ကြီးလေးစားပြီး အတုယူသင့်တာတွေ အတုယူရပါမယ်..

သူတို့ထက်သာအောင် ကြိုးစားရပါမယ်..

အမှန်တရားကို သိရပါမယ်..

လင်းဝေ

No comments:

Post a Comment