Tuesday, March 3, 2015

သူရဲကောင်းမစစ်တဲ့ သူရဲပေါများ

လက်နက်ချင်းယှဉ်တဲ့ပွဲမှာပဲ အကျအရှုံးမရှိ နိုင်အောင်တိုက်ကြစမ်းပါ...
 
လက်နက်မဲ့သူတွေနဲ့ကျမှ
 
လက်နက်ကြီးတွေ တကားကားနဲ့
 
သူရဲကောင်းလုပ်မပြကြစမ်းပါနဲ့..
 
သတ္တိရှိရင် တဦးချင်း လက်နက်မဲ့ ကြိုးဝိုင်းမှာ
 
တက်ထိုးတာမှ ရွှေခါးပတ်နဲ့ နီးစပ်ပါသေးတယ် ...
 
ဒါမျိုးက သူငယ်တန်းကလေးတောင်လုပ်တတ်တဲ့
 
ခတ်ညံ့ညံ့ အကွက်တွေပါကွာ..
 
မင်းတို့ တကယ် ရှက်တတ်ရင်

အဲဒီ နေရာမှာ လဲသေလိုက်လို့ရတယ်...
 
 လင်းဝေ

No comments:

Post a Comment