Thursday, March 12, 2015

တို့နဲ့ မဆိုင်ဘူး....ဟုတ်လား

တို့နဲ့ မဆိုင်ဘူး....ဟုတ်လား

ပညာရေးကောင်းကောင်း မကောင်းကောင်း... တို့နဲ့မဆိုင်ဘူး ဟုတ်လား
ပညာရေးမကောင်းတော့ အသိပညာ အတတ်ပညာတွေ နိမ့်ကျလာမယ်၊ စဉ်းစားတွေးခေါ်မှုတွေနိမ့်ကျလာမယ်
အသိပညာအတတ်ပညာ နိမ့်ပါးလာတဲ့ အတွက် ပညာမဲ့လူတန်းစာတွေ အသိဉာဏ်မဲ့ လူတန်းစားတွေ လူမိုက် လူယမ်းကားတွေနဲ့ မကောင်းတာ လုပ်စားတဲ့ မိန်းကလေးတွေ တိုးပွားလာမယ်၊ စီမံခန့်ခွဲမှုနဲ့ တီထွင်မှုတွေ နိမ့်ကျလာမယ်၊ အလုပ်အကိုင်ရှားပါး ဝင်ငွေနိမ့်ပါးပြီး စာရိတ္တပိုင်းပါ ယိုယွင်းလာမယ်၊ လူ့စွှမ်းအား အရင်းအမြစ် ကျဆင်းတဲ့ အတွက် နိုင်ငံဟာ ပညာနဲ့ နိုင်ငံခြားငွေ မရှာနိုင် ပြည်တွင်း ထုပ်လုပ်မှု စက်မှုလုပ်ငန်းတွေ မတိုးတက်တဲ့ အတွက် ရှိတဲ့ သဘာဝ သယံဇာတ အရင်းအမြစ်တွေကိုပဲ မတန်မရာ ရောင်းချလည်ပတ်နေရပြီး သူများနိုင်ငံတွေလို မတိုးတက်နိုင်တော့ပါဘူး တိုင်းပြည်နိမ့်ကျတာပေါ့

ဥပဒေကောင်းကောင်း မကောင်းကောင်း..တို့နဲ့မဆိုင်ဘူး ဟုတ်လား
ဥပဒေမကောင်းတော့ တိုင်းပြည် ရာဇဝတ်မှုတွေ ထူပြောလာမယ်၊ လာဘ်ပေးလာဘ်ယူတွေကြောင့် ဥပဒေလက်တလုံးခြားလုပ်တတ်တဲ့ ရာဇဝတ် ခေါင်းဆောင်ကြီးတွေ ထပ်တိုးပြီး ပေါ်လာမယ် အစိုးရနဲ့ ပြည်သူ ၂ဖက်စလုံးက လူတွေက ဥပဒေကို မလေးစားကြတဲ့အတွက် တိုင်းပြည်ဟာ ဘယ်သူ့ကိုမှ မယုံကြည်ရဘဲ ငွေများတရားနိုင် ရိုးသားမှု နဲ့ အမှန်တရားတွေ ဆိတ်သုံးပြီး တိုင်းပြည်ဟာ မလုံခြုံနိုင်တော့ပါဘူး။

ဆေးရုံတွေကောင်းကောင်း မကောင်းကောင်း..
တို့နဲ့မဆိုင်ဘူး ဟုတ်လား
ဆေးရုံမကောင်းတော့ ကျန်းမာရေးတွေ ယို့ယွင်းတာပေါ့
ကူးစက်ရောဂါတွေ ဆိုးရွားလာမယ်၊ ဆေးပညာနိမ့်ကျတဲ့အတွက် အသေပျောက်တွေများလာမယ်၊ ဆေးရုံစားရိတ်တွေ မြင့်မားလာတဲ့ အတွက် အခြေခံလူတန်းစားတွေ ဒုက္ခရောက်လာမယ် ကြပ်တည်းလာကြမယ်..
ပြည်သူတွေရဲ့ ကျန်းမာရေးတွေနိမ့်ကျလာမှာပေါ့ဗျာ။

အစိုးရကောင်းကောင်း မကောင်းကောင်း ..တို့နဲ့ မဆိုင်ဘူး ဟုတ်လား
အစိုးရမကောင်းရင် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဥပဒေ ဘာတစ်ခုမှ ကောင်းမယ် မထင်နဲ့
အတွေးအခေါ်တွေ နိမ့်လာမယ်၊
လူမိုက်တွေပေါလာမယ်၊ခိုးဆိုးလုယက်မှုတွေများလာမယ်၊ ရာဇဝတ်မှုတွေ များလာမယ်၊
တိုင်းပြည်ဆင်းရဲတာပေါ့၊ တိုင်းပြည် နိမ့်ကျတာပေါ့၊ တိုင်းပြည်မလုံခြုံတော့ဘူးပေါ့ဗျာ..။

ဒီအတိုင်းဆက်သွားလျှင် ဒီထက်နိမ့်ကျ လာမှာ အမှန်ပါပဲ.. ဒီထက်နိမ့်ကျ လာခဲ့ရင်
အဲဒီဆိုးကျိုးတွေကို ကျနော်တို့တိုင်းပြည်မှာ ရှိတဲ့ လူ့အလွှာ အသီးသီးက ခံစားလာရမှာ အမှန်ပါပဲ..။

ဆိုင်တာပေါ့ဗျာ သိပ်ဆိုင်တာပေါ့
ဟုတ်ဘူးလား..။

တိုင်းပြည် လူကြီးများ အမှန်ကိုမြင် တိုင်းပြည် အနာဂတ်ကိုရှေးရှု တိုင်းပြည်တိုးတက်ရေးအတွက် ကရုဏာ ရှေ့ထား ကြိုးစားနိုင်ကြပါစေဗျာ..

အစိုးရအနေနဲ့ မပြောင်းလဲပေးလို့ မဖြစ်ပါဘူး.ပညာရေး၊ ကျန်းမာရေး၊ ဥပဒေ အဖက်ဖက်က ပြောင်းလဲ ပြင်ဆင်ပေးရပါလိမ့်မယ်

ကျနော်တို့နိုင်ငံတိုး တက်ရေးဟာ ကျနော်တို့ အားလုံးနဲ့ ဆိုင်တဲ့အတွက် အစိုးရနဲ့ ပြည်သူ အားလုံး ညီညီညွတ်ညွတ် ပြောင်းလဲကြိုးစားမှ ရမှာပါ..

လင်းဝေ

No comments:

Post a Comment