Saturday, November 27, 2010

အမှတ်တရတို့ အိပ်တန်းပြန်ချိန်

ပန်းတပွင့်ရဲ့
နုသစ်လှပခြင်းမျိုးနဲ့
မင်းဟာ
ငါ့ နှလုံးသားကို
ခိုးဝှက်သွားခဲ့ဖူးတယ်...
ပျိုရွယ်မှုရဲ့
လန်းသစ်ခွင့်တွေနဲ့
အစွမ်းကုန်
ဖူးရစ်သွယ်လျနေတဲ့
ကောင်မလေးရေ..
အိပ်မက်တွေဆီက
ပျောက်ဆုံးသွားခဲ့ခြင်းမျိုးနဲ့
ငါဟာ..
အဲဒီ နေ့ရက်...
အဲဒီ အချိန်...
အဲဒီ နေရာမှာပဲ...
ပျောက်ဆုံးအငွေ့ပြန်သွားခဲ့ပါပြီ...
ခရေပန်းတွေ
ယုယုယယ
ကောက်ပေးခဲ့ဖူးတဲ့
အဲဒီ
စိတ်ကူးယဉ်ဆန်ဆန်
နေ့ရက်တွေဟာလည်း
ငယ်ဘ၀ရဲ့
ရူးသွပ်မှု
အမှတ်တရများ အဖြစ်
ငါ့ ညတွေမှာ
ဆွတ်ဆွတ် လှိုက်လှိုက်
ပွင့်ဝေလို့ ကောင်းတုန်းပဲ...
ကောင်မလေးရေ....
အဲဒီတုန်းကပေါ့
ငါ့ရဲ့
အရိုင်းဆန်ဆန်
နှလုံးသားလေးဟာ
အတိအကျကို
ချစ်တတ်ခဲ့ဖူးပါတယ်.....

သားထက် (မုံရွာ)

No comments:

Post a Comment