Sunday, January 25, 2015

သတ္တိရှိစွာ၊သတိရှိစွာ


မိုးခါးရေမသောက်မိကြဖို့အရေးကြီးသည်။
မြစ်တွေဟာ အတည့်ပဲစီးစီး၊ပြောင်းပြန်ပဲစီးစီး
၊တောင်မြောက်ပဲစီးစီး၊အရှေ့အနောက်ပဲစီးစီး၊ကွေ့ဝိုက်ပြီးပဲစီးစီး
အဆုံးမှာ ပင်လယ်သမုဒ္ဒရာထဲကို စီးဝင်သွားကြရသည်။
ကျနော်တို့လူသားတွေဟာလည်း ရိုးသားမြင့်မြတ်စွာပဲရှင်သန်မလား၊
ဆိုးညစ်ယုတ်ညံ့စွာပဲရှင်သန်မလား။ ကောင်းကျိုးတွေပြုပြီး
ရှင်သန်သွားကြမလား၊မကောင်းမှုဒုစရိုက်တွေပြုပြီး ရှင်သန်သွားကြမလား
နောက်ဆုံးမှာ သေခြင်းတရားဆီကိုသာ မလွဲမသွေ သွားကြရပေမည်။
လောကကြီးက သစ္စာရှိပါသည်။ကိုယ်က အဖြူပေးရင်
သူကလည်းအဖြူရောင်ကိုပြန်ပေးမည်။ကိုယ်က အမည်းရောင်ပေးရင်
သူကလည်းအမည်းရောင်ပြန်ပေးပေလိမ့်မည်။ကိုယ်စိုက်ခဲ့တဲ့ မျိုးစေ့ရဲ့အသီးအပွင့်ကိုပဲ
ကျနော်တို့စားသုံးကြရမည်ဖြစ်သည်။
ထို့ကြောင့် ဘယ်သူတွေဘာပဲပြောပြော၊ဘယ်သူတွေဘာပဲလုပ်လုပ် ကျနော်တို့ဟာ
ကိုယ့်သမိုင်းကို ကောင်းအောင်ရေးကြရင်း
ကိုယ့်ပတ်ဝန်းကျင်က လူသားတွေကိုလည်းကောင်းမွန်အောင် လက်တွဲခေါ်ယူကြရမည်ဖြစ်သည်။
လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment