Friday, January 30, 2015

ချစ်သူ့ အနားမှာ...


ဘာမှမရှိတဲ့
ပုလင်းကို
ငှဲ့ငှဲ့သောက်ရင်း
ငါမူးတယ်....
ဟာဒီ
ကတ်ထူ ဗူးလေးထဲမှာ
ငါတို့ရဲ့
အမှတ်တရလေးတွေ
သိမ်းဆည်းထားပါတယ် ချစ်သူ...
မနက်ဖြန်
နွေရာသီရောက်တိုင်း..
မနက်ဖြန်
မိုးရာသီရောက်တိုင်း..
မနက်ဖြန်
ဆောင်းရာသီရောက်တိုင်း..
ငါ့ရင်ဘတ်ထဲက
အချစ်သစ်ပင်လေးကတော့
ဝေဆာပွင့်လန်းနေဆဲပါပဲ
အချစ်ရယ်...
တခုတ်တရ
နင်ငါ့ကို သတိရတဲ့အခါ
မော့ကြည့်လိုက်ပါ..
ဟောဒီ
မိုးကောင်းကင်ကြီးနဲ့အတူ
ငါ့နှလုံးသားက
မင်း အနားမှာ
အမြဲရှိနေတယ်ဆိုတာ
မင်း တွေ့လိမ့်မယ်
ချစ်သူ .....
လင်းဝေ(မုံရွာ နည်းပညာ)

No comments:

Post a Comment