Saturday, January 3, 2015

အသည်းကွဲ ဒီဇင်ဘာ


နှင်းတွေ..
...
နှင်းတွေ..
ရွှဲရွှဲစိုလို့...
ဒီဇင်ဘာ..ရေ..
မင်း... ငိုနေလား...
ရင်ဘတ် တခြမ်းရဲ့
အလွမ်း ဒိုင်ယာရီဟာ
မပီပြင်တော့တဲ့
အိပ်မက် အသေတွေနဲ့
ပေကျံစွန်းထင်းခဲ့...
ရင်တခုလုံး ရင်းခဲ့သမျှ အတွက်
ငါ့တယောက်ထဲ
ဆို့နင့် ကြေကွဲ...
ရက်ရက် စက်စက်
မင်း ခွဲခဲ့တဲ့ အသည်း..
နှင်းမျက်ရည်တွေ
ရွှဲရွှဲစို...
ဒီဇင်ဘာနဲ့ အတူ
ငါ
ငို
နေ
တယ်
ချစ်သူ...

လင်းဝေ

No comments:

Post a Comment