Saturday, January 10, 2015

"အလွမ်း" ဆိုတာ...


အထီးကျန်နေတဲ့
ငါ့ ရင်ဘတ် သောင်ပြင်လေးဆီ...
ဒီရေနဲ့အတူ တက်လာတဲ့...
အလွမ်းဟာ
လှိုင်းတွေ ထန်နေရဲ့...

စာသံ ကဗျာသံနဲ့ ပြောရရင်...
လောက ပင်လယ်ကြီးထဲက
အလွမ်းနဲ့ စွတ်စိုနေတဲ့
ကမ်းဝေး ကျွန်းကလေး နှစ်ခုဟာ
တို့ နှစ်ယောက်ပါပဲ...
ချစ်သူ..
ဒါကို
ဘယ်သူတွေက
တို့နှစ်ယောက်ကို
နားလည် ခံစားပေးမှာလဲ..,
တကယ်တော့
"အလွမ်း" ဆိုတာ
ချစ်တတ်သူတွေသာ
ရင်ဘတ်ချင်း
နားလည်ခံစားနိုင်တဲ့
နူးညံ့တဲ့
ဘာသာစကားအဖြစ်
ငါတို့ နှလုံးသားထဲမှာ
တခမ်းတနား
ရင်ခုန်ဖြစ်တည်နေတယ် ဆိုတာ....
လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment