Saturday, January 3, 2015

..ချစ်သူ့ အနာဂတ်...

အချစ် မြစ်တစ်စင်းပေါ့...
...
သံယောဇဉ် ရေစီးကြောင်းတွေ
တယုတယ သယ်ဆောင်ရင်း
ငါတို့နှစ်ယောက်ကြား
နူးညံ့စွာ စီးဆင်းနေရဲ့...
အဲဒီမြစ်မှာ
မြူတွေ ဝေတဲ့အခါ
ငါတို့နှစ်ယောက်ဟာ
အလွမ်းကမ်းပါး တဖက်စီမှာ
တယောက်ကို တယောက်
မက်မက်စက်စက်
တမ်းတမိကြတယ်...
ချစ်သူရေ..
ဆုံဆည်းမှုဟာ ပင်လယ်တစ်ခုပဲ
ဖြစ်လိမ့်မယ်...
လွမ်းလို့ ငိုနေရှာတဲ့
ချစ်သူ ကောင်မလေးရေ...
မင်းရဲ့ နူးညံ့တဲ့
လက်ဖဝါးလေးကို ဖမ်းဆုပ်
အဲဒီ ပင်လယ်ကြီးဆီ
ရောက်အောင်
မင်းကို
ငါ ခေါ်သွားမယ်...
လင်းဝေ

No comments:

Post a Comment