Friday, January 30, 2015

ငါတို့ချစ်တဲ့ မုံရွာနည်းပညာ

ငါတို့ချစ်တဲ့ မုံရွာနည်းပညာ
တေးရေး- ကိုအူဝဲ Pye Phyo Wai (EP) ၊လေးဖြူ(ခ) ကျော်မျိုးထွန်း(ခ) အဆိုတော် Min Min Hein (EP)
တေးဆို-ကိုညီငယ် Nyi Ngae
...

၁) အတူတူ ဆုံခဲ့ကြတယ် အတူတူ ပျော်ခဲ့ကြတယ်...
ဒီ ကျောင်းတော်ကြီးထဲမှာ..တို့နေ့တွေဟာ
အတူတူ ကြည်နူးမ၀ပါ..အတူတူ ပျော်မြူးမဆုံးပါ..
တို့ကျောင်းသားဘ၀..ရင်ထဲမှာ.. ပြန်လည် သတိရ..တယ်

၂) အတူတူ သင်ခဲ့ကြတယ်...အတူတူ ခင်ခဲ့ကြတယ်..
ဒီ ကျောင်းတော်ကြီးထဲမှာ...ငါတို့တွေဟာ..
အတူတူ ရန်ဖြစ်ခဲ့တယ်... အတူတူ ပြန်ချစ်ခဲ့ကြတယ်...
တို. ကျောင်းသားဘ၀တွေ...ပြန်ရရှိခွင့်တွေက..

Pre Cho:ထည်ဝါမှုများကြား..လင်းလက်ခွင့်ရတဲ့ ခုခဏ..သေတပန်သက်တဆုံး မေ့မရ..
တို့ကျောင်းတော်ရဲ့ ကျေးဇူးများ

Cho: ဘယ်လိုမှ မေ့မရ..တဲ့ ခုံမင်နေဆဲ ကျောင်းသားဘ၀နဲ့
ချိုမြိန်ခဲ့ တို့ရဲ့ကျောင်းတော်ကြီး......
အစဉ်ထာဝရ အတွေးများနဲ့..ယုံကြည်စိတ်ထဲ ကိန်းအောင်းထားမယ်...
ဒါ..ငါတို့... မုံရွာနည်းပညာ....

၃) ဒီလိုနဲ့ ကျောင်းပြီးကာ..တနေရာဆီတို့ထွက်ခွာ...
ဒီကျောင်းတော်ကြီး အဝေးမှာ...ရှင်သန်စရာ အိပ်မက်များ...
ရာ သီတွေလည်း ပြောင်းလာ အချိန် နာရီပေါင်းများစွာ.....
တို့လွမ်းစရာ အတိတ်နဲ့ ... ပုံရိပ်များစွာ....

Pre Cho: အတူပြန်ဆုံ ငါတို့ပေါင်းစည်းပြီးရင်.. လှပသော အနာဂတ်ဆီကို..
ဖြုစင်စိတ်ထား တွဲလက်များစွာ .. အများအကျိုးပြုမယ်ကွယ်....

Cho: 3 - သံပြိုင်သုံးခေါက်ဆိုပါ....

ဒီသီချင်းလေးဆိုရင်း မွန်းကြပ်မှုတွေ ပင်ပန်းမှုတွေ ဖြေဖျောက် ကျောင်းသားဘ၀ ခဏပြန်ရောက်လိုက်သလို ဒီ ပျော်ရွှင်ဖွယ် အခိုက်အတန့်လေးကို ကျနော်တို့အားလုံးရင်ထဲမှာ မေ့နိုင်မယ်မထင်တော့ပါဘူး.......
မုံရွာနည်းပညာ မိသားစုကိုယ်စား
ကိုအူဝဲ

လောကမှာ..


ရွံရှာဖွယ်ကောင်းတဲ့လူက ကုန်းတိုက်တတ်တဲ့လူပေါ့..
ကြောက်စရာကောင်းတဲ့လူကတော့ နောက်ကျောကို ဓါးနဲ့ထိုးမယ့် လူပဲ..
...
ဒီမှာ မိတ်ဆွေ...
အဲဒီလူ ၂ ဦးကို ဝေးဝေးရှောင်ပါ...
မိမိကိုယ်တိုင်လဲ အဲဒီလို လူမျိုး မဖြစ်အောင် နေပါ..
လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

ချစ်သူ့ အနားမှာ...


ဘာမှမရှိတဲ့
ပုလင်းကို
ငှဲ့ငှဲ့သောက်ရင်း
ငါမူးတယ်....
ဟာဒီ
ကတ်ထူ ဗူးလေးထဲမှာ
ငါတို့ရဲ့
အမှတ်တရလေးတွေ
သိမ်းဆည်းထားပါတယ် ချစ်သူ...
မနက်ဖြန်
နွေရာသီရောက်တိုင်း..
မနက်ဖြန်
မိုးရာသီရောက်တိုင်း..
မနက်ဖြန်
ဆောင်းရာသီရောက်တိုင်း..
ငါ့ရင်ဘတ်ထဲက
အချစ်သစ်ပင်လေးကတော့
ဝေဆာပွင့်လန်းနေဆဲပါပဲ
အချစ်ရယ်...
တခုတ်တရ
နင်ငါ့ကို သတိရတဲ့အခါ
မော့ကြည့်လိုက်ပါ..
ဟောဒီ
မိုးကောင်းကင်ကြီးနဲ့အတူ
ငါ့နှလုံးသားက
မင်း အနားမှာ
အမြဲရှိနေတယ်ဆိုတာ
မင်း တွေ့လိမ့်မယ်
ချစ်သူ .....
လင်းဝေ(မုံရွာ နည်းပညာ)

Sunday, January 25, 2015

နှလုံးသားနဲ့ ရှင်သန်ပါ


တာဝန်သိတဲ့သူမှာ တာဝန်ရှိတယ်
တာဝန်ကိုယူရဲတာက သတ္တိ
တာဝန်ကိုကြေပွန်အောင် ထမ်းဆောင်နိုင်တာက စွမ်းရည်..
အကိုတစ်ယောက်ပြောပြောနေတဲ့ စကားလေး ကြိုက်လွန်းလို့ရင်ထဲစွဲနေမိတဲ့ စကားလေးတခွန်းပါ။
လူရယ်လို့ဖြစ်လာရင် စားဝတ်နေရေးဆိုတဲ့ တာဝန်သုံးခုကတော့ မွေးရာပါတာဝန်အဖြစ်ပါလာခဲ့ ကြတာပါ။ဒီတာဝန်လေးလောက်ပဲ ကြေတယ်ဆိုရုံနဲ့ သေဆုံးသွားကြမယ်ဆိုရင် ကျနော်တို့ ဒီလောကကြီးမှာ လူလာဖြစ်ရတာ အမြတ်မရှိဘူးလို့ပြောချင်ပါတယ်။
မိမိရဲ့ ကိုယ်ကိုနဲ့ မိမိ မိသားစု လေး အပြင်ဘက်က ဒုက္ခရောက်နေတဲ့ တခြားသူတွေအတွက် ဘာတွေပေးဆပ်ပြီးပြီလဲ။
လူတိုင်းဟာ ကိုယ့်သမိုင်းကို ရေးကြရမှာပါ။
ကိုယ်လုပ်ခဲ့တဲ့ ကိုယ်၊နှုတ်၊စိတ် သုံးပါးသာလျှင် သံသရာအတွက် သမိုင်းအတွက် ကျန်ခဲ့နိုင်မှာပါ။
အဲဒီတော့ မိမိရှင်သန်နေရတဲ့ အချိန်လေးအတွင်းမှာ လောကအကျိုး ၊အများကောင်းကျိုးအတွက်
တတ်နိုင်သမျှပေးဆပ် ရင်း မြင့်မြတ်တဲ့ သမိုင်းမှတ်တိုင်လေးတွေ စိုက်ကြဖို့ တိုက်တွန်းချင်ပါတယ်၊။
အများကြီးမဟုတ်ပါဘူး မိမိပိုင်ဆိုင်တဲ့ အချိန်၊ငွေ၊ကာယထဲက ရာခိုင်နှုန်းနဲနဲလေးပဲဖြစ်ဖြစ်ပေါ့။
ငါဒီလောက်ကလေး လုပ်ပေးလိုက်ရုံနဲ့ ဘာမှဖြစ်မလာနိုင်ပါဘူးကွာ ဆိုပြီး တွေးမိလိမ့်မယ်။
မဟုတ်ပါဘူး သေးသေးလေး ဆိုပေမယ့် မိမိပြုလုပ်လိုက်တဲ့ ကောင်းမှုတခုဟာ မိမိအတွက်ရော တပါးသူအတွက်ပါ အုတ်တချပ်သဲတပွင့် အဖြစ် တန်ဖိုးရှိသွားမှာပါ။
အုတ်တချပ်သဲတပွင့်နဲ့ဘာမှဖြစ်မလာနိုင်ပေမယ့် အဲဒီတချပ်ချင်းတပွင့်ချင်းအများကြီး စုလိုက်တဲ့အခါ ဒါဟာ ဘုရားစေတီတစ်ဆူဆိုလဲ ဖြစ်တယ်၊
တိုက်တာအဆောက်အအုံ လမ်းတံတားဆိုလဲ ဖြစ်လာမှာပါပဲ။
ဖတ်ဖူးတဲ့ စာကလေးတပုဒ်ကို သတိရမိတယ်။
တခါက ပင်လယ် ကမ်းခြေတခုမှာ ကြယ်ငါးလေးတွေဟာ သောင်တင်ပြီး သေဆုံးကြရတယ်။လူငယ်လေးတယောက်ဟာ ကမ်းခြေမှာ လျှောက်သွားရင်း ကြယ်ငါးလေးတွေကို ပင်လယ်ထဲပစ်ချနေတယ်။အဲဒါကို လူတစ်ယောက်က မြင်တော့ 'ကမ်းခြေမှာ ကြယ်ငါးတွေကအများကြီး မင်းက ဘယ်လောက်ကယ်နိုင်မှာမို့လဲ' လို့ မေးလိုက်တယ်။
အဲဒီတော့ လူငယ်လေးက 'တခြားကြယ်ငါးလေးတွေအတွက်မထူးခြားပေမယ့် ကျနော့်ကယ်တင် လိုက်တဲ့ ကြယ်ငါးလေးဘ၀အတွက်တော့ ရှင်သန်ခွင့်ရသွားတာပေါ့' လို့ပြန်ဖြေလိုက်တယ်။
အဲဒီလိုပဲ ကျနော်တို့ စဉ်းစားကြည့်ကြရအောင်။
အခန်းကျယ်ကြီးတခုထဲမှာ အမှောင်တိကျနေတယ်၊အဲဒီအခန်းကြီးထဲမှာ ကလေးငယ်တွေ အလင်းရောင်ငတ်နေကြတယ်။
ကျနော်တို့ဘာလုပ်ပေးမလဲ။ကျနော်တို့ဖယောင်းတိုင်ကလေးတစ်တိုင် ထွန်းပေးနိုင်မလား။
ဒီဖယောင်းတိုင်တတိုင်ထဲနဲ့တော့ ဒီအခန်းကျယ်ကြီးကို အကုန်မလင်းစေနိုင်ပါဘူး။
ဒါပေမယ့် ကျနော်တို့ထွန်းလိုက်တဲ့ ဖယောာင်းတိုင်လေးဘေးက ကလေးတွေအတွက်တော့ လင်းလက်စေနိုင်ပါတယ်။ကျနော်တို့တတွေ အတူတူ ပေါင်းပြီး ဖယောင်းတိုင်လေးတွေအများကြီး ၀ိုင်းပီး ထွန်းညှိပေးနိုင်မယ်ဆို အဲဒီအခန်းကျယ်ကြီးဟာ လင်းထိန်လှပပြီး ကျက်သရေရှိသွားမယ်။
ကလေးငယ်တွေလဲ အလင်းရောင်ကိုခံစားရမယ်ပေါ့့။
ကျနော်တို့မိသားစုလေးဟာလဲ
အဲဒီကြယ်ငါးလေးတွေကို ကယ်တင်နေတဲ့လူငယ်လေးလို
အမှောင်တိကျ ကလေးငယ်တို့အတွက် အလင်းရောင်ကို ထွန်းညှိပေးမယ့် လူသားတွေအဖြစ်
တာဝန်သိသော၊တာဝန်ကိုယူရဲသော၊ တာဝန်ကိုကြေပွန်အောင် ထမ်းဆောင်နိုင်သော
မြင့်မြတ်သောသားကောင်းများအဖြစ် ထာဝရရှင်သန်နိုင်ကြပါစေ။
အားလုံး အေးချမ်းသာယာကြပါစေ
လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

မိသားစု (family)


 


 


မိသားစု (family) ဆိုတဲံ့စကားလုံးဟာ ကျနော်ရင်ကို နွေးထွေးစေပါသည်။လူတိုင်းမှာ မိသားစုတွေရှိသလိုလူတိုင်းဟာလည်း ကိုယ့်မိသားစုကိုခင်တွယ်မြတ်နိုးကြပါသည်။မိသားစု(family)ဆိုတဲ့အဓိပ္ပာယ်ကဘာလဲ?မိသားစုဆိုတာတယောက်နဲ့


တယောက်တာဝန်သိခြင်း၊တယောက်အခက်အခဲတယောက် ကူညီ် ဖြေရှင်းပေးခြင်း၊တယောက်အကျိုးစီးပွားတယောက် ဆောင်ရွက်ပေးခြင်း၊တယောက်ကိုတယောက် နားလည်ငဲ့ညှာခြင်း၊ယောက်နဲ့တယောက် ခွင့်လွှတ်အနစ်နာခံခြင်း...စသည်ဖြင့်ကျနော်နားလည်ခံစားမိပါသည်။တစုံတယောက်က


တစုံတယောက်အတွက်ပေးဆပ်ခြင်းဟာ မိသားစုရဲ့စိတ်ဓာတ်ဖြစ်လို့ မိသားစုဆိုတဲ့ စကားလုံးကိုကျနော် မြတ်နိုးတန်ဖိုးထားခဲ့ပါသည်။


အဖေအမေနဲ့ညီအစ်ကိုမောင်နှမအရင်းတွေကမှမိသားစုမဟုတ်ပါဘူး။ကျေးရွာတရွာ၊မြို့တမြို့၊


ကျောင်းတကျောင်း၊တက္ကသိုလ်တခု၊


နိုင်ငံတခု...အဲဒါတွေဟာလည်း မိသားစုပါပဲ။ဒါပေမယ့်


ကျွန်တော်ပြောတဲ့မိသားစုရဲ့အဓိပ္ပါယ်ရှိနေဖို့တော့လိုပါသည်။


အဲဒီအဓိပ္ပါယ်တွေရှိမနေရင်တော့မိသားစုဟုမခေါ်နိုင်တော့ပါဘူး။


ကျွန်တော်တို့ဟာတက္ကသိုလ်ဝင်တန်းအောင်ကတည်းကအမေ၊အဖေဆိုတဲ့မိသားစုလေးထဲကနေ တက္ကသိုလ်ဆိုတဲ့မိသားစုကြီးဆီကိုရောက်ရှိခဲ့ကြပါတယ်။တက္ကသိုလ်ကြီးဟာကျွန်တော်တို့ရဲ့မိသားစုကြီး၊ ဆရာ၊ဆရာမတွေကကျွန်တော်တို့ရဲ့မိဘ၊သူငယ်ချင်းတွေကကျွန်တော်တို့ရဲ့မောင်နှမတွေပေါ့။တက္ကသိုလ်ဆိုတဲ့


အသိပညာ၊အတတ်ပညာလက်ဆင့်ကမ်းပေးတဲ့နေရာကြီးမှာဒေသမျိုးစုံ၊ဘာသာမျိုးစုံ၊အဆင့်အတန်းမျိုးစုံက


ပညာနို့ရည်သောက်စို့ခဲ့ကြသည်။ဒါပေမယ့်သူတို့ရင်ထဲမှာဘ၀တွေ၊ဒေသတွေ၊ဘာသာတွေ၊အဆင့်အတန်းတွေ


ခွဲခြားမှုမရှိခဲ့ကြဘူး၊တက္ကသိုလ်ဆိုတဲ့မိသားစုကြီးအောက်မှာညီအစ်ကိုမောင်နှမအရင်းအခြာတွေလိုမျဉ်းတစ်ကြောင်းတည်း


ပေါ်မှာရပ်တစ်လှေတည်းစီးတစ်ယောက်တက်နဲ့တစ်ယောက်လှော်လို့တစ်ခရီးတည်းသွားခဲ့ကြသည်။


ကျွန်တော်ဘ၀၏လက်တွဲခဲ့ကြတဲ့တက္ကသိုလ်ကညီအစ်ကိုမောင်နှမတွေဘယ်တော့မှမေ့လို့ရနိုင်မှာမဟုတ်ပါဘူး။


ငါနှစ်တာပျော်ရွှင်စွာဖြတ်သန်းခဲ့ရတဲ့အဲဒီကျောင်းက ကျွန်တော်ဘ၀မှာ ဘယ်တော့မှမသေဆုံးနိုင်ခဲ့တဲ့အိမ်မက်ရှည်တစ်ပုဒ်ပါ။


နောက်ဆုံးနှစ်ကျောင်းပြီးခါနီးတော့သူငယ်ချင်းတွေနဲ့ခွဲရတော့မှာဆိုတဲ့အသိနဲ့ကျွန်တော်ဝမ်းနည်းခဲ့ရဘူးတယ်။အခုလို


ိုပင်လယ်တွေခြားထားတဲမြို့လေးမှာကျောင်းတော်ကြီးကညီအစ်ကိုမောင်နှမတွေအများကြီးပြန်လည်စုံတွေ့ရမယ်လို့


မမျှော်လင့်ခဲ့မိပါဘူး။


မထင်မှတ်ဘဲသူငယ်ချင်းတွေအများကြီးဆုံတွေ့ရတော့ကျွန်တော့်ရင်ထဲမှာတကယ်ပြောတယ်၊


တကယ်နွေးထွေးတယ်။တကယ်အားရှိပါတယ်။


ဒါပေမယ့်တိုင်းတစ်ပါးရဲ့များပြားတဲ့အလုပ်ချိန်တွေကြားမှာတစ်ယောက်တစ်ယောက်တွေ့ဆုံဖို့


ဆိုတာအရမ်းခက်ခဲပါတယ်။အားလုံးကိုတစ်နေရာတည်း၊တစ်ချိန်တည်း၊တစ်ပြိုင်နက်တည်းတွေ့ဆုံဖို့ဆိုတာပိုပြီးခက်ခဲတဲ့


ကိစ္စတစ်ခုပေါ့။အဲဒါကြောင့် ခုလိုတွေ့ဆုံပွဲလေးမှာ ဆရာဆရာမတွေ ညီကိုမောင်နှမတွေနဲ့ တွေ့ဆုံရာ အတူစားကြသောက်ကြာ ကစားကြ အနာဂတ်အတွက် ရည်ရွယ်ချက်ကောင်းလေးတွေဆွေးနွေးကြနဲ့ အရမ်းကြည်နူးမိပါသည်။ကျေနပ်မိပါသည်။


 


ငါတို့ဟာ


အတွေ့အကြုံနဲ့အလေ့အကျင့်တွေရလာတယ်


 


လင်းဝေ(နည်းပညာတက္ကသိုလ်)


မုံရွာနည်းပညာမိသားစုမိတ်ဆုံစားပွဲ

သတ္တိရှိစွာ၊သတိရှိစွာ


မိုးခါးရေမသောက်မိကြဖို့အရေးကြီးသည်။
မြစ်တွေဟာ အတည့်ပဲစီးစီး၊ပြောင်းပြန်ပဲစီးစီး
၊တောင်မြောက်ပဲစီးစီး၊အရှေ့အနောက်ပဲစီးစီး၊ကွေ့ဝိုက်ပြီးပဲစီးစီး
အဆုံးမှာ ပင်လယ်သမုဒ္ဒရာထဲကို စီးဝင်သွားကြရသည်။
ကျနော်တို့လူသားတွေဟာလည်း ရိုးသားမြင့်မြတ်စွာပဲရှင်သန်မလား၊
ဆိုးညစ်ယုတ်ညံ့စွာပဲရှင်သန်မလား။ ကောင်းကျိုးတွေပြုပြီး
ရှင်သန်သွားကြမလား၊မကောင်းမှုဒုစရိုက်တွေပြုပြီး ရှင်သန်သွားကြမလား
နောက်ဆုံးမှာ သေခြင်းတရားဆီကိုသာ မလွဲမသွေ သွားကြရပေမည်။
လောကကြီးက သစ္စာရှိပါသည်။ကိုယ်က အဖြူပေးရင်
သူကလည်းအဖြူရောင်ကိုပြန်ပေးမည်။ကိုယ်က အမည်းရောင်ပေးရင်
သူကလည်းအမည်းရောင်ပြန်ပေးပေလိမ့်မည်။ကိုယ်စိုက်ခဲ့တဲ့ မျိုးစေ့ရဲ့အသီးအပွင့်ကိုပဲ
ကျနော်တို့စားသုံးကြရမည်ဖြစ်သည်။
ထို့ကြောင့် ဘယ်သူတွေဘာပဲပြောပြော၊ဘယ်သူတွေဘာပဲလုပ်လုပ် ကျနော်တို့ဟာ
ကိုယ့်သမိုင်းကို ကောင်းအောင်ရေးကြရင်း
ကိုယ့်ပတ်ဝန်းကျင်က လူသားတွေကိုလည်းကောင်းမွန်အောင် လက်တွဲခေါ်ယူကြရမည်ဖြစ်သည်။
လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

ဧည့်သည်

သင်မမွေးခင်တုန်းကလဲ ဒီကမ္ဘာကြီးက ရှိနေခဲ့တယ်..
သင်ထွက်ခွာသွားလဲရှိနေဦးမှာပါပဲ...
ငါတို့ဟာ ခဏတာရောက်ရှိလာတဲ့ဧည့်သည်တွေပါ...
ဘ၀ဆိုတာခဏလေးပဲ..
ငါတို့ရဲ့ဆုံတွေခွင့်တွေဟာလဲ
တကယ့် အခိုက်အတန့်လေးပါ..
ဘာကြောင့်အမုန်းတွေပွားနေကြမှာလဲ..
ဘာကြောင့် သူတပါးကိုကို နှိမ်ချဆက်ဆံနေမှာလဲ..
ဘာကြောင့် ဆဲရေးတိုင်းထွာနေမှာလဲ..
ဘာကြောင့် ညှဉ်းပမ်းနှိပ်စက်နေမှာလဲ...
ဘာကြောင့် လိမ်ညာရက်စက်နေမှာလဲ..
ကုန်ဆုံးသွားသော အချိန်တို့သည် ပြန်မရနိုင်တော့ပါ...
ငါတို့ဟာ နောက် ဘယ်နှစ်ရက် ရှင်သန်ကြရဦးမလဲ
မည်သူမျှ မသိနိုင်...
သင်၏ နောက်ဆုံးအချိန်မှာ နောင်တမရစေပါနှင့်...။
သင်၏ နေ့ရက်တိုင်းကိုတန်ဖိုးထားပါ...
သင်စိတ်ကို အကောင်းဆုံးမွေးမြူရင်း
နေ့ရက်တွေကို အကောင်းဆုံး ဖြတ်သန်းပါ...
မေတ္တာထားပါ
ကရုဏာထားပါ
မုဒိတာပွားပါ
ဘယ်လိုမှမရရင် ဥပက္ခာပြုလိုက်ပါ....
လင်းဝေ

Saturday, January 10, 2015

လူတော်လူကောင်းဆိုတာ

မတရားတဲ့ လူတွေကို
 
ထောက်ခံနေရင်
 
င်းဟာ မတရားတဲ့ သူပဲ...
 
မတရားလုပ်နေကြတာကို
 
ရေငုံနှုတ်ပိတ် နေရင်လည်း
 
မင်းဟာ မတရားမှုကို အားပေးသူပဲ...
 
လူတော်လူကောင်းဆိုတာ
 
တရားတဲ့ဖက်မှာ အမြဲရှိနေရတယ်..
 
လင်းဝေ

"အလွမ်း" ဆိုတာ...


အထီးကျန်နေတဲ့
ငါ့ ရင်ဘတ် သောင်ပြင်လေးဆီ...
ဒီရေနဲ့အတူ တက်လာတဲ့...
အလွမ်းဟာ
လှိုင်းတွေ ထန်နေရဲ့...

စာသံ ကဗျာသံနဲ့ ပြောရရင်...
လောက ပင်လယ်ကြီးထဲက
အလွမ်းနဲ့ စွတ်စိုနေတဲ့
ကမ်းဝေး ကျွန်းကလေး နှစ်ခုဟာ
တို့ နှစ်ယောက်ပါပဲ...
ချစ်သူ..
ဒါကို
ဘယ်သူတွေက
တို့နှစ်ယောက်ကို
နားလည် ခံစားပေးမှာလဲ..,
တကယ်တော့
"အလွမ်း" ဆိုတာ
ချစ်တတ်သူတွေသာ
ရင်ဘတ်ချင်း
နားလည်ခံစားနိုင်တဲ့
နူးညံ့တဲ့
ဘာသာစကားအဖြစ်
ငါတို့ နှလုံးသားထဲမှာ
တခမ်းတနား
ရင်ခုန်ဖြစ်တည်နေတယ် ဆိုတာ....
လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

Saturday, January 3, 2015

မြန်မာ အစိုးရအနေနဲ့

မြန်မာ အစိုးရအနေနဲ့ ဒီလိုမလုပ်သင့်ပါဘူး..
မိမိ အာဏာတည်မြဲရေးအတွက်
ပြည်သူနဲ့ စစ်သား
ပြည်သူနဲ့ ရဲ ရန်တိုက်ပေးနေတာဟာ
ယုတ်မာတဲ့ ခေါင်းဆောင်မှုနဲ့...
ရက်စက်လွန်းတဲ့ ဖြေရှင်းမှုပါပဲ...

ပြည်သူတွေ စစ်သားနဲ့ရဲကို မုန်းသည်ထက်မုန်းအောင် လုပ်နေကြတာလဲ အဲဒီ အာဏာရူးနေတဲ့ ခေါင်ဆောင်ပိုင်းက စစ်သားကြီးတွေပါပဲ...
ပြည်သူတွေနဲ့ သာမန်စစ်သားတွေဟာ ဓားစာခံဖြစ်ရရရှာတာပါ...
လူဝတ်လဲထားတဲ့
ဒီမိုကရေစီ အယောင်ဆောင်
ဦးသိန်းစိန် စစ်အစိုးရဟာ
ဘယ်တော့ ပြည်သူတွေကို စေတနာထားမှာမဟုတ်သလို
ပြည်သူတွေရဲ့ချစ်မြတ်နိုးမှုကို
ဘယ်တော့မှ မရနိုင်ပါဘူး...
ဘယ်လောက်ပဲ သိုးရေခြုံထားခြုံထား နောက်ဆုံးတော့ ဝံပုလွေဟာ ဝံပုလွေလိုပဲ ကျင့်ကြံတာပါပဲ
ဒီလောက် ငတ်ကြီးကျပြီး
ဒီလောက် အသိဉာဏ်မဲ့ ဉာဏ်တိမ်တဲ့ အစိုးရ အုပ်ချုပ်သမျှ ကျနော်တို့နိုင်ငံလည်း ဘယ်တော့မှ မတိုးတက်နိုင်ပါဘူး
ဪ...စိတ်ပျက်ဖွယ်

ချစ်သူရှိရာ...

ချစ်သူ
တကယ်လို့များ
ငါ့ အသည်းနှလုံးမှာ
...
အတောင်ပံ တစ်စုံ
ပါခဲ့မယ် ဆိုရင်
အဲ့ဒီ အသည်းနှလုံးဟာ
မင်းရှိရာ ရပ်ဝန်းမှာပဲ
ခေါက်တုံ့ ခေါက်ပြန်
ပျံဝဲနေလိမ့်မယ်
အချစ်ရယ်....


လင်းဝေ

အသည်းကွဲ ဒီဇင်ဘာ


နှင်းတွေ..
...
နှင်းတွေ..
ရွှဲရွှဲစိုလို့...
ဒီဇင်ဘာ..ရေ..
မင်း... ငိုနေလား...
ရင်ဘတ် တခြမ်းရဲ့
အလွမ်း ဒိုင်ယာရီဟာ
မပီပြင်တော့တဲ့
အိပ်မက် အသေတွေနဲ့
ပေကျံစွန်းထင်းခဲ့...
ရင်တခုလုံး ရင်းခဲ့သမျှ အတွက်
ငါ့တယောက်ထဲ
ဆို့နင့် ကြေကွဲ...
ရက်ရက် စက်စက်
မင်း ခွဲခဲ့တဲ့ အသည်း..
နှင်းမျက်ရည်တွေ
ရွှဲရွှဲစို...
ဒီဇင်ဘာနဲ့ အတူ
ငါ
ငို
နေ
တယ်
ချစ်သူ...

လင်းဝေ

..ချစ်သူ့ အနာဂတ်...

အချစ် မြစ်တစ်စင်းပေါ့...
...
သံယောဇဉ် ရေစီးကြောင်းတွေ
တယုတယ သယ်ဆောင်ရင်း
ငါတို့နှစ်ယောက်ကြား
နူးညံ့စွာ စီးဆင်းနေရဲ့...
အဲဒီမြစ်မှာ
မြူတွေ ဝေတဲ့အခါ
ငါတို့နှစ်ယောက်ဟာ
အလွမ်းကမ်းပါး တဖက်စီမှာ
တယောက်ကို တယောက်
မက်မက်စက်စက်
တမ်းတမိကြတယ်...
ချစ်သူရေ..
ဆုံဆည်းမှုဟာ ပင်လယ်တစ်ခုပဲ
ဖြစ်လိမ့်မယ်...
လွမ်းလို့ ငိုနေရှာတဲ့
ချစ်သူ ကောင်မလေးရေ...
မင်းရဲ့ နူးညံ့တဲ့
လက်ဖဝါးလေးကို ဖမ်းဆုပ်
အဲဒီ ပင်လယ်ကြီးဆီ
ရောက်အောင်
မင်းကို
ငါ ခေါ်သွားမယ်...
လင်းဝေ