Friday, December 31, 2010

ငါဟာ....မင်းရဲ့....

ငါဟာ
မင်းရဲ့
ရယ်မောပျော်ရွှင်ခြင်းတွေ အတွက်
ဂန္တ၀င်မမြောက်တဲ့
အပေါစား ဟသတစ်ပုဒ်ပါ....။
ငါဟာ
မင်းရဲ့

အလိုမကျမှုတွေ အတွက်
အသုံးမ၀င်တဲ့
ခတ်စုတ်စုတ် အမှိုက်ပုံးတစ်ခုပါ...။
ငါဟာ
မင်းရဲ့
စိတ်ဖြေဖြောက်မှုတွေ အတွက်
ကာရံလွဲနေမယ့်
ခတ်ညံ့ညံ့ ကဗျာတစ်ပုဒ်ပါ....။
ငါဟာ
မင်းရဲ့
ငြိုငြင်မှုတွေ အတွက်
ရိုးအီနေတဲ့
အညတရ ပုံပြင်တစ်ပုဒ်ပါ....။
ငါဟာ
မင်းရဲ့
အမုန်းတွေအတွက်
အသွားမရှိတဲ့
ခတ်တုံးတုံး ဓားအသစ် တစ်လက်ပါ..။
ငါဟာ
မင်းရဲ့
ဝမ်းနည်းခြင်းတွေ အတွက်
အစွန်းအထင်းများလွန်းတဲ့
အပေါစား ပုဝါတစ်စပါ....။
ငါဟာ
မင်းရဲ့
ချစ်ခြင်းတွေအတွက်
မခူးဆွတ်ရသေးတဲ့
ရနံ့မဲ့ ပန်းသီးတစ်လုံးပါ...။
အချစ်ရယ်..
မင်းသိလား...
ခုချိန်များ
မင်း....ငါ့ကို..
မုန်းတယ်ဆိုပြီး
စွန့်ပစ်လိုက်ရင်
ငါ...
ဒီနေရာမှာပဲ...
လက်ပစ်ဗုံး တစ်လုံးလို
တစ်စစီ...
ပေါက်ကွဲ လွင့်စင်သွားနိင်တယ်......။

သားထက် (မုံရွာ)

No comments:

Post a Comment