Saturday, February 14, 2015

ရိုးသားဖြောင့်မတ်တဲ့လူ


တချို့တချို့သော
လူတွေက
အမှန်တရားဆိုတာကို
ကြောက်ကြတယ်
အမှန်တရားကိုထောက်ပြပြီး
သူတို့အမှားကို
နည်းနည်းဝေဖန်လိုက်ရင်ကိုပဲ
ဆတ်ဆတ်ခါအောင်
နာတတ်ကြတယ်..

အဲဒီလူတွေကတော့
မဟုတ်တာ မမှန်တာကို
ခိုးကြောင်ခိုးဝှက် တမျိုး
မျက်နှာပြောင်ပြောင် တမျိုး
လုပ်နေကြတဲ့သူတွေပဲ..

ရိုးသားဖြောင့်မတ်တဲ့လူက
အဝေဖန်ခံရဲတယ်
ထိပ်တိုင်ရင်ဆိုင်ဖြေရှင်းရဲတယ်
အမှားကိုထောက်ပြရင်လည်း ပြင်ဖို့ဝန်မလေးဘူး..

ငါတို့ဟာ
ရိုးသားဖြောင့်မတ်တဲ့ လူဖြစ်အောင်
ကြိုးစားလေ့ကျင့်ကြရမယ်
ဒါဟာ မြတ်စွာဘုရားရဲ့
အဆုံးအမလည်း ဖြစ်တယ်..

လင်းဝေ

No comments:

Post a Comment