Monday, February 9, 2015

ဒါ ငါတို့ခေတ်


 သူရဲပေါကြောင်တဲ့
 ပညာမဲ့တဲ့
 တာဝန်မဲ့တဲ့
 စည်းကမ်းမဲ့တဲ့
 သတ္တိနည်းတဲ့
 ဇွဲမရှိတဲ့
 ငါတို့ရှေ့က
 လူကြီးတွေကြောင့်
 ငါတို့လူငယ်တွေ
 အောက်ကျ
 နောက်ကျ
 ဖြစ်ခဲ့ရပြီးပြီ...
ငါတို့ခေတ်မှာ
 ငါတို့လူငယ်တွေ
 ငါတို့ရှေ့က
 လူကြီးတွေလို
 သူရဲပေါ မကြောင်ဖို့
 ပညာ မမဲ့ဖို့
 တာဝန် မမဲ့ဖို့
 စည်းကမ်း မမဲ့ဖို့
 သတ္တိ မမဲ့ဖို့
 ဇွဲရှိကြဖို့
 လိုတယ်....
ငါတို့ခေတ်က
 ငါတို့ကိုယ်တိုင်
 ဖန်တီးရမယ့်ခေတ်...
ငါတို့ရဲ့
 မျိုးဆက်သစ်တွေ
 ငါတို့လို
 အောက်ကျ
 နောက်ကျ
 မဖြစ်ဖို့
ငါတို့ ချွေးတွေ ရင်း...
ငါတို့ ဘဝတွေ ရင်း...
ငါတို့ အသက်တွေ ရင်း...
စစ်ဖိနပ်ခြေရင်းက
ရုန်းထွက်..
အမြီးကျက် အမြီးစား
ခေါင်းကျက် ခေါင်းစား
တကိုယ်ကောင်းသမားတွေက
တိုင်းပြည်ကို ရောင်းစား
အစိုးရက
ပြည်သူကို
ယုတ်မာစွာ ရက်စက်
ဒီ...ဖက်ဆစ်ထက်ဆိုးတဲ့
စနစ်ဆိုးကြီးကို ချေမှုန်း..
 ငါတို့ခေတ်ကို
 ငါတို့
 အကောင်းဆုံး
 ထားရစ်ခဲ့ရမယ်...
လင်းဝေ (မုံရွာနည်းပညာ)

No comments:

Post a Comment