Thursday, April 17, 2014

ဆန်ရေ ဖြစ်ပါစေ

ဆန်ရေ ဖြစ်ပါစေ....

သူငယ်ချင်း..

မင်းသောက်မယ့် အရက်တစ်ခွက်ဟာ
မင်း မိဘအတွက်
ထမင်းတနပ်ကို
ဖန်တီးပေးနိုင်သလို...

မင်းသောက်မယ့် စီးကရက်တစ်လိပ်ဟာလဲ
မင်းမိဘအတွက်
အားဆေးတစ်ခွက်ကို
ဖန်တီးပေးနိုင်တယ်ဆိုတာ...

မင်း...သတိရတယ်ဆိုရင်..

မင်းကိုယ်မင်း
ဆင်ခြင်ဖို့ ခက်မယ်မထင်ဘူး...

ကိုယ့်တသက်လုံးအတွက်
သူတို့တစ်ဘ၀လုံးကို ရင်းပြီး
 ပေးဆပ်လာခဲ့တဲ့
မင်းမိဘတွေအတွက်...

မင်းဘ၀ရဲ့
အစိတ်အပိုင်းလေးနည်းနည်းလောက်
မိဘတွေရဲ့ အိုမင်းချိန်ကို
သတိရ သိတတ်ပေးရင်ပဲ

မိဘတွေခင်မျာ
ဘယ်လောက်
ကြည်နူးရှာမလဲဆိုတာ
မင်းခံစားတတ်ခဲ့ရင်ပေါ့လေ...

လင်းဝေ

No comments:

Post a Comment