Wednesday, April 2, 2014

မိဘ

ကိုယ့်တကိုယ်စာ အတွက်

ဘ၀ကို

နဖူးတွေ့ ဒူးတွေ့ ရုန်းကန်ရမှ

ကျနော်တို့ မောင်နှမတွေအတွက်

အဖေဟာ

လယ်ထဲယာထဲ

ကျွဲပုခုံးထအောင်

ဘယ်လောက် ပင်ပန်းခဲ့ရှာမလဲ...

အမေကရော

ဘယ်လောက်တောင်

နှဖူးကချွေူး ခြေမကျတဲ့အထိ

ပူပန်မိရှာမလဲ...

ပြန်တွေးကြည့်မိတိုင်း

မျက်ရည်ဝဲမိတယ်...

သူငယ်ချင်းတွေ အားလုံး

မိဘကို လုပ်ကျွေးပြုစုတဲ့

 ကျေးဇူးသိတတ်တဲ့

သား၊သမီးကောင်း ရတနာတွေ

 ဖြစ်ကြပါစေ...


လင်းဝေ (မုံရွာနည်းပညာ)

No comments:

Post a Comment