Thursday, April 17, 2014

သူငယ်ချင်း သို့

ဘ၀ဆိုတာ
အိပ်မက် တခုလိုပါပဲ ...

မင်း ဘယ်လောက်
စွဲလမ်း တက်မက်ပါစေ
တစ်ရက်ရက်မှာ
ကြေပျက်ပျောက်ကွယ်သွားမှာပါပဲ...

 ခု အသက်ရှူနေတဲ့ အချိန်တွေနဲ့
အသက်ရှူရပ်သွားမယ့် အချိန်ကာလကြား
မင်း
ဘယ်လောက်ကြာကြာ ပျော်ပါးနိုင်မှာလဲ ...

ရှင်သန်ခွင့်ရနေတဲ့
တစ်ဘ၀စာ အခိုက်အတန့်အတွက်
မင်းကိုယ်မင်း
ကောင်းသောစိတ်ထားတွေနဲ့
 ဖြူစင်နေပါစေ
သူငယ်ချင်း ....

လင်းဝေ (မုံရွာနည်းပညာ)

No comments:

Post a Comment