Saturday, April 5, 2014

ဘ၀ခရီးလမ်းလျှောက်လှမ်းဖို့

ဘ၀ဆိုတဲ့ ခရီးလမ်း
ပေါ့ပေါ့ပါးပါး ဖြတ်သန်းဖို့ ဆိုရင်
ကိုယ့်ဘ၀ကို လေးလံစေမယ့်
ဝန်ထုပ်ဝန်ပိုးနဲ့ တူတဲ့
အတွေးတွေ သံယောဇဉ်တွေ အားလုံးကို
ကိုယ့်ဘ၀ထဲမှာ သယ်ဆောင်မလာပါနဲ့...

ဘ၀ဆိုတဲ့ ခရီးလမ်း
ဖြောင့်ဖြောင့်တန်းတန်း ဖြတ်သန်းဖို့ဆိုရင်
ကိုယ့်ဘ၀ကို ခလုတ်ကန်သင်းဖြစ်စေမယ့်
အမှိုက်သရိုက်နဲ့တူတဲ့
အရာဝတ္ထုတွေ လူတွေ အားလုံးကို
ကိုယ့်ဘ၀ထဲက ဖယ်ရှားပစ်လိုက်ပါ...

လင်းဝေ (မုံရွာနည်းပညာ)

No comments:

Post a Comment