Wednesday, April 2, 2014

လွမ်းတယ်....

ငယ်ငယ်တုန်းက

ကျေးငှက်သံလေးတွေနဲ့

နိုးထခဲ့ဖူးတဲ့

အညာက

ဆောင်းရာသီ နံနက်ခင်းတွေကို

လွမ်းတယ်....

စပါးခင်းစိမ်းစိမ်းတွေကို

 ဖြတ်တိုက်လာတဲ့

အညာလယ်ကွင်းတွေဆီက

လတ်ဆတ်တဲ့

ရနံ့ကိုလည်း လွမ်းတယ်...

သက်ကယ်မိုး ထရံကာ

ဘယ်တော့မှ မရိုးနိုင်တဲ့

အမေ့အိမ်လေး

လွမ်းတယ်....

လင်းဝေ

No comments:

Post a Comment