Monday, August 8, 2011

မင်း..မရှိတဲ့အခါ

မင်းမရှိတဲ့ အရပ်
ငါ့ အိပ်မက်တွေ
ခြောက်ကပ် အက်ရှနေပါတယ်
အချစ်ရယ်...။
စံပယ်ဖြူလေး
တစ်ပွင့်လို
အလှသစ်ဆုံး
မင်းပြုံးတဲ့အခါ
အဲဒီနေ့တစ်နေ့လုံးဟာ
ငါ့အတွက်
ဥတုသာယာတဲ့
နေ့တနေ့...
စမ်းချောင်းလေး
တစ်စင်းလို
အချိုလွင်ဆုံး
မင်းရယ်တဲ့အခါ
အဲဒီနေ့တနေ့လုံးဟာ
ငါ့အတွက်
ခမ်းနားထည်ဝါတဲ့
နေ့တနေ့...
ဘယ်တော့မှ
ငါမမေ့နိုင်တဲ့
မင်းရဲ့
ဖြူဖြူစင်စင်
မျက်ဝန်းတွေ
ငါ့ရင်ဘတ်ထဲ
သိမ်းဆည်းထားပါတယ်
ချစ်သူ..။
လာခဲ့ပါ..ချစ်သူ..
ငြိမ်သက်နွေးထွေးနေတဲ့
ငါ့ရင်ခွင်ဆီ...
ဟောဒီမှာ
အခန်းကျဉ်းလေးထဲမှာ
ငါ...
အထီးကျန်ဆန်မှုကို
အဖော်ပြုလို့..
ဝင်ခဲ့ပါ...ချစ်သူ..
အချစ်တွေနဲ့ ပြင်ဆင်ထားတဲ့
ငါ့ရဲ့
ကဗျာဆန်တဲ့ အခန်းကျဉ်းလေးထဲ..
တကယ်ပါ ..ချစ်သူ..
ငါ့ နားတွေဟာ
မင်းရဲ့
ခြေသံတစ်စုံကို
တမ်းတနေရဲ့..
မင်းမရှိတဲ့ အရပ်
ငါ့ အိပ်မက်တွေ
ခြောက်ကပ်
အက်ရှနေပါတယ်
ူအချစ်ရယ်...။

လင်းဝေ (ရွှေဘို)

No comments:

Post a Comment