Monday, August 8, 2011

...စကားလုံးမရှိတဲ့ ဘာသာစကား....

မြက်ပင်တွေ
လေယူရာ
ယိမ်းနေကြရဲ့
သစ်ရွက်တွေ
အစိမ်းလိုက်ကြွေသက်
ဟောဒီနေ့ရက်ထိ
မေ့မရခြင်းများစွာနဲ့
ငါ..
လွမ်းနေခဲ့တယ်
ချစ်သူ...
သဘာဝအတိုင်း
စီးဆင်းနေတဲ့
စမ်းရေအေးဟာ
ငါ့ရင်ထဲက
အပူကို
မကုစားနိုင်ခဲ့ဘူး
နူးညံ့သိမ်မွေ့မှု
ဆိုတာကို
မင်းနဲ့တွေ့မှ
ငါ ခံစားတတ်ခဲ့တာပါ..
ယုယုယယ
မင်းအကြင်နာစကားသံလေးဟာ
ငါ့ကို
အတိုင်းအဆမဲ့
အေးမြစေတယ်...
ဘယ်တော့မှ
မဝေးတော့ဘူး
ဆိုတဲ့ ယုံကြည်ချက်ဟာ
ငါတို့ နှစ်ယောက်ကို
တိုးတိုးပြီး ချည်နှောင်နေပြီ
ချစ်သူ...
တကယ်ပါ
ပြောပြဖို့
စကားလုံးတွေ မရှိတော့ဘူး..
ငါ့ရင်ထဲက
အချစ်တွေလေ
မင်းသိအောင်
ပြောပြဖို့
ဘာသာဗေဒတွေနဲ့တောင်
မလုံလောက်တော့ဘူး
အချစ်ရယ်....။

လင်းဝေ (ရွှေဘို)

No comments:

Post a Comment