Saturday, October 18, 2014

...ပိုးဖလံ....


ရေစုန် ရေဆန်
ဘ၀တွေနဲ့
...
သံသရာ အဆက်ဆက်
ရှုံးခဲ့တာတောင်...
ကျနော်...ဆိုတဲ့
ပိုးဖလံကောင်က
ဒီ...မီးလျှံတွေကြားမှာ
ပြုံးပျော်လို့
ကောင်းနေတုန်း....တဲ့...။
ဘယ်လောက်ထိ
မိုက်မဲလိုက်သလဲကွယ်...။
လောကဓံ တိုက်ပွဲတွေက
တစ်ပွဲပြီး...တစ်ပွဲ...
လုပ်ချင်တာတွေ...
ဖြစ်ချင်တာတွေ...
အိပ်မက်တွေ တစ်လှေကြီးနဲ့
ဒီ...သံသရာ ဝဲဂယက်မှာ
ကျနော်...ဟာ
ပျော်ပျော်ကြီး
နစ်နေမိဆဲပါ....။
လင်းဝေ (မုံရွာနည်းပညာ)

No comments:

Post a Comment