Saturday, October 18, 2014

အာဒမ်ရဲ့ နံ ရိုး


 

ချစ်သူ..

မင်းဟာ...

ငါ့အတွက်

အာဒမ် ပျိုးပေးခဲ့တဲ့

နံ ရိုးလေး တစ်ချောင်းလား

ကမ္ဘာ တခြမ်းက အလင်းကို

ကမ္ဘာ တခြမ်းကနေ

တမ်းတမိသလိုမျိုး

ငါ မင်းကို တမ်းတတယ်...

အလွမ်းနဲ့

အမှောင်တိကျနေတဲ့

ငါ့နှလုံးသား

အခန်းကျဉ်းလေးထဲ

မင်းမရှိလို့ မဖြစ်ဘူး

ချစ်သူ...

မင်းသိရဲ့လား..

အလွမ်း နွေကမ္ဘာမှာ

ဒီ အရူးဟာ

မင်း မခူးခင်က

 

ကြွေချင်နေခဲ့ရသူပါ

အချစ်ရယ်...။

လင်းဝေ

No comments:

Post a Comment