ဥသြငှက်တစ်ကောင်ရဲ့
ဘာသာဗေဒမှာ
နွေ...
ရာ၊ထောင်၊သောင်း၊သိန်း၊သန်း..မက
သေခဲ့ဖူးတယ်...။
နုပျိုမှုဆိုတာလည်း
ကိုယ့်ကိုယ်ကို
စီးကရက်တစ်လိပ်အဖြစ်
ရှိုက်ဖွာပစ်လိုက်ရသလိုမျိုးပါပဲ
သစ်ရွက်တွေ
တစ်နှစ်ပြီးတစ်နှစ်
ကြွေသွားကြတာ
မြန်လွန်းတယ်...။
လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)
No comments:
Post a Comment