Saturday, March 23, 2013

ပန်းမြတ်တစ်ခက် လင်းလက်ဖို့ဆိုရင်....

ပန်းမြတ်တစ်ခက် လင်းလက်ဖို့ဆိုရင်....

ကောက်ရိုးမီး တစ်စလို

တခဏတာ

ဟုန်းခနဲ လောင်မြိုက်

အခိုက်အတန့် သွေးကြွမှုမျိုးနဲ့

တိုင်းပြည်ကို ချစ်ပြမနေစမ်းပါနဲ့...

လှပတဲ့ ပန်းတစ်ခင်းဖြစ်ဖို့

ဥယျာဉ်မှူးတစ်ယောက်ဟာ

နေ့စဉ်ရက်ဆက်

စိတ် လက် မပျက်

သူ့ရဲ့ သွေးစက် ချွေးပေါက်တွေနဲ့

ရင်းခဲ့ရတာ

မင်းသိမှ သိရဲ့လား သူငယ်ချင်း...

ဒီမှာ...

မင်းသိထားဖို့က

ဒီမိုကရေစီ ဆိုတာ

လက်ဝါးဖြန့်လိုက်ရုံနဲ့

လင်းခနဲ ဖူးပွင့်လာမယ့်

မှော်ဆရာလက်ထဲက

ပန်းတစ်ခက် မဟုတ်ဘူး..။

အဲဒီ ပန်းမြတ်တစ်ခက်

လင်းလက်ဖို့ဆိုတာ

ငါတို့အားလုံးရဲ့

နှလုံးသားတွေ....

သွေးတွေ....

ချွေးတွေ...

ရင်းသင့်ရင် ရင်းရလိမ့်မယ်...။

ဒါဟာ....

ငါတို့ရဲ့

နောင်လာမယ့်

မျိုးဆက်အသစ်အတွက်...

နိုင်ငံအတွက်...

ဘာသာအတွက်...

လူမျိုးအတွက်....

ဖြစ်တယ်.....။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment