Thursday, March 3, 2011

....ချစ်သူခိုးဝှက်ထားတဲ့ အိပ်မက်....

တခါတခါကျတော့
ကိုယ့်ရင်ဘတ်ကို
ပြန်ပြန်စမ်းမိတယ်...
ရင်ခုန်သံတွေ
ရှိမှ ရှိသေးရဲ့လား...
ဘယ်ဘက်ရင်အုံတစ်ခုရဲ့
နွေးထွေးမှုလေးဟာ
တဖြည်းဖြည်း
အေးစက်သွားပြီဆိုပေမယ့်
မာကြောနေတဲ့
ငါ့ နှလုံးသားထဲ
မင်းကိုလွမ်းတဲ့ ..
အလွမ်းတွေ....
ဆွေးဆွေးမြေ့မြေ့
ရှင်သန်နေတုန်းပဲ...
အသိစိတ်နဲ့ခန္ဓာ
အိုးစားကွဲနေတဲ့
အထီးကျန်ညတွေဟာ
ငါ့အတွက်
ဆက်တိုက်ဆိုသလိုပါပဲ....
ငါ့ အတ္တနဲ့ငါ
နှစ်နှစ်ခြိုက်ခြိုက်
လောင်ကျွမ်းပစ်ခဲ့တာလေ..
နွေဦးရဲ့ သစ်ရွက်ခြောက်တွေလို
ငါတစ်ယောက်ထဲ
ကြွေလွင့်နေပါတယ်
ချစ်သူ...
ငါက
အိပ်မက်က
လန့်နိုးတာတောင်
အိပ်မက်ကို
အိပ်မက်မှန်း
မသိလောက်အောင်
ဆွံ့အနေခဲ့မိတဲ့ကောင်..
ချစ်သူရယ်..
ငါက
ကဗျာဆရာပါ..
သစ်ရွက်ကလေး
လှုပ်ခတ်လိုက်တာကအစ
ထိထိရှရှ ခံစားတတ်တဲ့ကောင်ပါ..
အချစ်စိတ်အရင့်အမာကြီးနဲ့
ချစ်သူကို
ဆုံးရှုံးလိုက်ရတာဟာ
ငါ့အတွက်တော့
ကမ္ဘာတစ်ခုလုံး
ပျက်သုန်းကြေမွသွားသလိုပါပဲ..
ငါတယုတယ
ပျိုးထားတဲ့
အိပ်မက်လေးဟာ
အဲဒီ နေ့ရက်
အဲဒီ နေရာ
အဲဒီ အချိန်မှာပဲ
ပျောက်ဆုံးသွားခဲ့ရတယ်.....

သားထက် (မုံရွာ)

No comments:

Post a Comment