မသိရာမှ သိရာသို့ ( ၂ )
••••••••••••••••••••
( မဟာဗောဓိမြိုင် ဆရာတော်ဘုရား )
ဝင်လေဝင်စမှာ အားကောင်းတဲ့အတွက် အတိုက်မကြမ်းဘူးလား။ အတိုက်ကြမ်းတော့ အအေးရော မကြမ်းဘူးလား။ ဝင်လေက ကြမ်းလို့ တစ်ဝက်လောက်ရောက်တော့ အားပျော့သွားချိန်မှာ နှာခေါင်းခံရတာ ဘယ်လိုနေတုန်း။ ခံရပုံလည်း အကြမ်းစားကြီး မဟုတ်တော့ဘူး။ သိတာလေးကရော သူခံရသလောက် သာ သိမှာပဲ။ ဝင်လေကလေးဆုံးသွားတော့ မရှိတော့သလောက် နူးနူးညံ့ညံ့ကလေး….သိတော့ကောဗျ။
နူးနူးညံ့ညံ့ကလေးပဲ သိပါတယ် ဘုရား……
ဒီလိုဆို ဝင်လေတစ်ခုတည်းအပေါ်မှာတောင် အကြမ်း၊အလတ်၊ အနုအားဖြင့် သိပုံချင်း တူသလားဗျာ။
မတူပါ ဘုရား……..
အဲ့ဒါလေး အပိုင်းလိုက်…အပိုင်းလိုက် သိစေချင်လို့။ ထွက်လေလည်း ဒီအတိုင်းပဲ။
ပြီးတော့ ခေါင်းအေးအေး စိတ်အထိုင်ကျကျထားပေးပါ။ ဒီဥပဒေလည်း ထုတ်ခဲ့တယ် ထင်တယ်နော်။ အဲဒီတော့ ဘာကြောင့် စိတ်အထိုင်ကျရမလဲ။ ခေါင်းအေးရမလဲ။ ခေါင်းအေး စိတ်အထိုင်ကျမှ ဝင်လေထွက်လေရဲ့ လှုပ်ရှားမှုကို ပီပီပြင်ပြင် မြင်ရတယ်။ ခေါင်းမအေး စိတ်အထိုင်မကျရင် ဝင်လည်းဒီလေ၊ ထွက်လည်း ဒီလေဖြစ်နေတတ်တယ်။ ဒီလိုဆို ဝင်လေထွက်လေ ကွဲပါဦးမလား။
မကွဲပါဘုရား…..
ဒီထက်များ ခေါင်းမအေး စိတ်အထိုင်မကျရင် ဝင်မှန်းမသိ။ ထွက်သွားမှန်းမသိ ဖြစ်သွားတတ်ပါတယ်။ ပြီးတော့ ဝင်ဆုံး ထွက်ဆုံးကလေးတွေ သိ…သိပေးစမ်းပါ။ ဒီလိုလည်း ဥပဒေ ထုတ်ပေးခဲ့တယ် ထင်တယ်။
မှန်ပါ့ဘုရား….
ဘာဖြစ်လို့တုန်း။ ဒီသတိထါက်တတ်တာဟာ အဆုံးက ထွက်သွားတတ်တာ။ အစက ဘယ်တော့မှ မထွက်ဘူး။ အစမှာ အလုပ်ရှိတုန်းကိုးဗျ။ အလုပ်ကြီးတန်းလန်းနဲ့ သူ ဘယ်ထွက်နိုင်လိမ့်မတူန်း။ အလုပ်အားမှ ထွက်တတ်တဲ့ အမျိုးကိုဗျ။ အလယ်လောက်မှာလည်းပဲ အလုပ်က မပြီး တစ်ဝက် ပြီးတစ်ဝက် ထင်တယ်၊ မပြိးသေးဘူးဗျာ၊ သူ မှတ်စရာလေး ရှိသေးတယ် ။ ဝင်ဆုံးထွက်ဆုံးကျတော့ သူက တိုက်တဲ့လေကလေးက နူးညံ့တော့ အားမကောင်းသေးတဲ့ သတိသည် မှတ်စရာ မရှိတော့ဘူး။ ထွက်စရာရှိ အဲဒီက ထွက်တာ။ သဘောပေါက်ပလား။
ပေါက်ပါပြီး ဘုရား..
ဒီစည်းကမ်းးလေးတွေ သဘောပေါက်ထားမှ ကိုယ်ပိုင်စေတနာ ပေါ်မှာမို့ပါ။ ခိုင်းလို့ လုပ်ရတာ မဖြစ်စေနဲ့။ သေသေချာချာ သဘောပေါက်ပြိး စေတနာပါပါ လုပ်စမ်းပါ။ တို့ဘက်ကတော့ ပြောရုံပဲ ပြောနိုင်တယ်။ ဘုရားရှင်ကိုယ်တော်တိုင်က သိတော်မူတယ်ဗျ။ (အမိန့်ရှိတော် မူတယ်)
သင်တို့ကိစ္စ သင်တို့ဟာ သင်တို့ ကြောင့်ကြစိုက်ကြပါ။ အဲဒီတော့ ဝင်ဆုံးထွက်ဆုံးလေးနှစ်ခု သိထားရင် မိမိတို့သတိ အပြင်မထွက်တော့ဘူး။ ဝင်ဆုံးလေးသိလိုက်တာနဲ့ ထွက်စ အလိုလို သိပြီးသား၊ ထွက်ဆုံးကလေး သိလိုက်တာနဲ့ ဝင်စ အလိုလိုပေါ်ပြီးသား။ ရက်ကန်းထဲက လွန်းအိမ်ကလေးလို ဒီက ရိုက်ထုတ်တော့ ဟိုသွား ၊ ဟိုကရိုက်ထုတ်တော့ ဒီသွားနဲ့။ ဒီအတိုင်းပဲ။ အဲဒါ သတိမထွက်အောင် ဖမ်းနည်းခေါ်တယ်။ ငါ့သတိသည် ဝင်ဆုါံ် ထွက်ဆုံး ဘယ်နေရာက အထွက်များသလဲ သိလာရင် အဲဒီနေရာ ဂရုစိုက်လိုက်ရင် ဒီသတိ ထွက်နိုင်ပါဦးမလား……။
မထွက်နိုင်တော့ပါ ဘုရား……………….
ဒီလောက်ဆို ထိုင်တာနဲ့ ပက်သက်လို့ လုံလောက်ပြီ ထင်ပါတယ်။
ခန္ဓာကိုယ် အပြောင်းအလဲ လုပ်လို့တာ လျောင်း၊ ထိုင်၊ ရပ်၊ သွား ကုရိယာပုတ်လေးပါးပဲ ရှိပါတယ်။ ဒီလေးခုထဲမှာ လျောင်းတဲ့ ဣရိယာပုတ်ကို ယောဂီတို့ ဦးစားမပေးပါနဲ့။ အားထုတ်စကို ပြောတာ။
အပြင်မှာ စီးပွားရှာတုန်းက နေပူမရှောင် မိုးရွာမရှောင် လုပ်ခဲ့ရတဲ့ အပြင်မီး ဆိုတာ ရှိခဲ့တယ်နော်။
ရှိပါတယ် ဘုရား………
အတွင်းကရော လောဘနှုိုးလို့ သောကနှုိးလို့ ထကြွနိုးကြားပြိး လုပ်ရတဲ့ အတွင်းမီးလည်း ရှိတယ်။ ရွာထဲမှာ မီးနှစ်မီးနဲ့ လုပ်ရတာ၊ ရန်ကုန် ဘိန်းမှုန့်လို အထက်မီး အောက်မီးနဲ့ လုပ်ရဖုတ်ရတာ။ အဲဒါတွေက ရိုးတွင်းခြင်းဆီအထိ အောင်းနေတာ။ သူ မထွက်မချင်း နာကျင်ကိုက်ခဲမှု လည်းများမယ်။ ဟိုမှာ စိတ်လိုက်မာန်ပါ ဒေါသတကြီးနဲ့ လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်၊ ဒီမှာ ခံရပြီသာမှတ်ပေတော့။ သူ့ ရိုးတွင်းခြင်ဆီထဲမှာ အောင်းနေတဲ့ အပူနည်းတာမှတ်လို့ ။ ပြီးတော့ စိတ်ကလည်း အာရုံမှန် မရသေးခင် ဝေဒနာကိုရေ သူ ဆက်ဆံတတ်ပါ့မလား။ လူ့ခွစာ၊ လူ့ကန့်လန့် သူ့အကြောင်းအသိသေးရင် သူ့ဆက်ဆံရပါ့မလား။
မရပါ ဘုရား………….
ဝေဒနာကလည်း လူ့ခွစာ၊ လု့ကန့်လန့်ဗျ။ သို့သော် ခွစာနဲ့ ကန့်လန့်ဟာ ပေါင်းတတ်ရင် အမှန်ဆုံးကိုသာ ပြောလေ့ပြောထ ရှိတယ်။ ဝေဒနာကလည်း ဟုတ်တိုင်းအမှန်ရာကိုပဲ ပြတ်ပြတ်ကြီး ပြောလိမ့်မယ်။ ခင်များမှာ ဟောဒီဒုက္ခတွေ ရှိနေပါတယ်ဆိုတာ။ မဆက်ဆံတတ်ရင် ဒီဝေဒနာကိုပဲ ၇န်သူထင်မိလိမ့်မယ်။ ဆက်ဆံတတ်ရင်တော့ မိတ်ဆွေကောင်း။ နာနေတုန်းမှာ ဘယ်နှယ့်တုန်း… စိတ်ကူးယဉ်နိုင်သေးသလား။
မယဉ်နိုင်ပါ ဘုရား……
အပြင်ကိုရော တပိုးတပါး ခရီးလှည့်နိုင်သေးသလား။
မလှည့်နိုင်ပါဘုရား……..
နာနေတုန်း သတိရော လွတ်သေးသလားဗျ။
မလွတ်ပါ ဘုရား………….
သူ့သဘောသာ သိပစေဗျာ။ လွယ်လွယ်လေး။ ခွစာကို ခွမတိုက်နဲ့ ချော့ခိုင်း။ အလိုက်သင့်လေး ဆက်ဆံပြီး အာရုံမှန်သွားရင် မိတ်ဆွေဖြစ်သွားပါလိမ့်မယ်။ သူ့ဖြစ်စဉ်ကလေးကို စိတ်ဝင်စားသွားလို့ အလိုက်သင့် ဆက်ဆံတတ်ရင် ကောင်းသွားပါလိမ့်မယ်။
အဲဒီတော့ လျောင်း၊ ထိုင်၊ ရပ် ၊ သွားဆိုတဲ့ ဣရိယာပုတ် လေးပါးမှာ ကိလေသာ အပုမကုန်သေးတဲ့ ယောဂီ၊ စိတ် အထိုင်မကျသေးတဲ့ ယောဂီ။ လဲလျောင်းတဲ့ ဣရိယာပုတ်ကလေးနဲ့ ပက်လက်လှန်ပြီး မှတ်ကြည့်ပါလား။ ကလေးကျောပုတ် သိပ်ရသလို မှတ်တာနဲ့ အိပ်ပျော်တာ တစ်ထပ်တည်းဗျာ။ အဲတော့……….လဲလျောင်းတဲ့ ဣရိယာပုတ်သည် တို့နားချိန်လို့ သတ်မှတ်ထားတဲ့ ၉နာရီက ၃နာရီ အတွင်းသာ သုံးပေးပါ.။
ဆက်ရန် >>>
မေတ္တာဖြင့်
ညီရိုးမြေ

No comments:
Post a Comment