Wednesday, March 22, 2017

Wishes

"ဆုတောင်း"

အောင်မြင်ကျော်ကြားသောအခါ၌ ကိုယ့်ထက် နိမ့်ကျသူကို ဆွဲခေါ်နိုင်သူဖြစ်ပြီး၊
ရှုံးနိမ့်ကျဆင်းသောအခါ၌ သူတပါးကို ဒုက္ခမပေးရသောသူ ဖြစ်ရပါလို၏။

ကိုယ့်ဒုက္ခကို သူတပါးအား ပြောပြ အကူအညီတောင်းခံသောသူထက်၊
သူတပါး ဆင်းရဲဒုက္ခကို မျှဝေကူညီနိုင်သောသူ ဖြစ်ရပါလို၏။

သူတပါးဆီက အလကား ရယူလိုသောစိတ်ထက်၊
ကိုယ့်ဆီက အလကား ပေးလိုက်လိုသောစိတ်သာ ဖြစ်ရပါလို၏။

သူတပါး၏ အပြစ်ကို ရှာကြံပြောတတ်သောသူထက်၊
သူတော်ကောင်းတို့၏ မြင့်မြတ်သောစိတ်ကို အတုလိုက်ကာ ပြုပြင်ပေးနိုင်သောသူ ဖြစ်ရပါလို၏။

ကျေးဇူးကန်း၍ အသိတရားကင်းမဲ့သောသူ၏ အဖြစ်ထက်၊
ကျေးဇူးသိ၍ သိသည့်အသိတရားဖြင့် လောကအတွက် အသုံးပြုနိုင်သောသူ ဖြစ်ရပါလို၏။

သူတစ်ပါး၏ အပြစ်ကို မြင်သောအခါ၌ အကန်းကဲ့သို့၊
သူတပါး၏ အပြစ်ကို ပြောမည့်အခါ၌ အ,အကဲ့သို့၊
သူတစ်ပါးက အကုသိုလ်ဖြစ်စရာ လာပြောသောအခါ၌ နားအပင်းကဲ့သို့
ကျင့်နိုင်သောသူ ဖြစ်ရပါလို၏။

အဆုံး၌ ကိုယ့်အပြစ်ကိုယ်သာ ရှာကြံ၍ နိဗ္ဗာန်ရအောင် အသုံးချနိုင်သူ ဖြစ်ရပါလို၏။

မွန်ကျောင်းဆရာတော် အရှင် ပညာသီရိ

No comments:

Post a Comment