Friday, March 24, 2017

သတိရပါ

သတိရပါ

မနက် အိပ်ယာနိုးလာတိုင်း သေဖို့ တစ်ရက်နီးလာပြီလို့ သတိရပါ

ည အိပ်ယာဝင်တိုင်း နေဖို့တစ်ရက်ကုန်သွားပြီလို့ သတိရပါ

တစ်ရက်ကုန်တိုင်း
ဘာ ကုသိုလ်တွေလုပ်ခဲ့လို့
ဘာ အ,ကုသိုလ်တွေ လုပ်ခဲ့လည်း သတိရပါ

လူဘဝရခိုက် အမြတ်မကျန်ရင်တောင် အရင်းမရှုံးအောင်နေဖို့ သတိရပါ

နေ့တိုင်း ဒါန, သီလ, ဘာဝနာ
တခုခု လုပ်နိုင်ဖို့ သတိရပါ

မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင် စိတ်ကိုထားဖို့ သတိရပါ

 ကျနော်တို့ပေးသောအရာကိုသာ လောကကြီးဆီက ပြန်ရမယ်ဆိုတာ သတိရပါ

အားလုံး ကျန်းမာချမ်းသာ ကုသိုလ်တွေ ပွားကြပါစေ

မေတ္တာဖြင့်

လင်းဝေ

No comments:

Post a Comment