...စိန်ခေါ်ပွဲ...
"ဟေး...ကောင်လေး..ထတော့"
"ဗျာ ခင်ဗျားက ဘယ်သူလဲဗျ"
"ငါလား...လောကဓံတရားလေ...မင်းတို့ ပြောပြောနေကြတဲ့ လောကဓံတရားဆိုတာ ငါပဲ"
"ဪ..ဟုတ်လား..ခင်ဗျားပုံစံကလဲ အူကြောင်ကြောင်နဲ့"
"ပြောလေဗျာ...ဘာကိစ္စလဲ"
"မင်း မေ့နေပြီလား..မင်း ငါ့ကို စိန်ခေါ်ထားတယ်လေ"
"ဗျာ"
""ဗျာ လုပ်မနေနဲ့ အခု မင်းနဲ့ငါ ယှဉ်ပြိုင် တိုက်ခိုက်ဖို့ အချိန်ကျပြီ ကြိုးဝိုင်းထဲ ဝင်ကြစို့"
"ဗျာ.ဘာလို့လဲ"
"မင်းပဲ အောင်မြင်ချင်တယ်ဆို"
"အဲဒါတော့ ဟုတ်တယ်လေဗျာ"
"မင်း အောင်မြင်ချင်တယ်ဆိုရင်တော့ ငါ့ကို အနိုင် တိုက်ခိုက်မှ ဖြစ်လိမ့်မယ်"
"အဲလိုကြီးလားဗျ"
"ငါ့ကို မနိုင်ဘဲ မင်း ဘယ်တော့မှ အောင်မြင်မှုမရဘူး၊ ဒါဟာ လောကြီးရဲ့ အမှန်တရားပဲ"
"ဟာ ဟုတ်သားပဲ ကျနော် ခဏဆိုပြီး အိပ်လိုက်မိတာ တော်တော်ကြာသွားတယ်..ဝါး..."
"အေး အဲဒါကြောင့်ပဲ ငါ မင်းကို နှိုးလိုက်တာ"
"အဲဒါဆိုလဲ လာဗျာ စကြစို့ ကြာတယ်"
"ဇွတ်ကြီးပါလားဟ မင်း အားမမွေးတော့ဘူးလား ကောင်လေး"
"သြော.. ခင်ဗျားက ကျနော့်ကို အိပ်ပျော်နေတဲ့ သူရဲကောင်း တစ်ယောက်လို့ မထင်ဘူးပေါ့ ဟုတ်လား ဟက်ဟက်"
"ဟ ဟ ဟား...သူရဲကောင်းလို့ ကြွေးကျော်နေတဲ့ကောင်တွေ ငါ့ခြေဖျားအောက်မှာ ပြားပြားမှောက်သွားတာ အများကြီးပဲ"
"ဟုတ်လို့လားဗျ သူတို့က သူတို့ ကျနော်ကကျနော်ပဲ..စလိုက်ကြရအောင်ဗျာ"
"မင်းက ဒီလောက် ထက်သန်နေတော့လည်း စလိုက်ကြတာပေါ့၊ သတိတော့ထားကွာ ငါက ညှာမှာတော့ မဟုတ်ဘူး"
"စကားများတာဗျာ လာမှာသာ လာစမ်းပါဗျ"
ကျနော် လောကကြီးကို တချက်ကြည့်လိုက်ပြီး
"ဒီမှာ လောကကြီး
လောကဓံဆိုတဲ့ ကောင်ကြီးနဲ့ကျနော် ဘယ်သူ ရွှေခါးပတ် ရမလဲဆိုတာ ခင်ဗျားပဲ ဆုံးဖြတ်ပေးစမ်းပါဗျာ နော်"
လောကကြီးက မခန့်တဲ့ ပုံစံနဲ့
"အေးလေ လုပ်ကြပေါ့ ငါကတော့ စောင့်ကြည့်နေမှာပဲ စိတ်ချ ဖက်မလိုက်ဘူး"
ဒီလိုနဲ့...
ကျနော်နဲ့ လောကဓံ
ကျနော်တို့ နှစ်ယောက်
ဘဝ ဆိုတဲ့ ကြိုးဝိုင်းထဲ
ပြိုင်တူ
ခုန်ချလိုက်ကြတယ်...။
လင်းဝေ
Thursday, May 28, 2015
Monday, May 18, 2015
Love poem
...အချစ်ကဗျာ...
ငါ့ကိုယ်ငါ
မြားတစ်စင်းအဖြစ်
ဖန်ဆင်းပြီး
မြားနတ်မောင်ကြီးရဲ့ လေးကြိုးကို
ခြေစုံကန်..
မင်းရဲ့
နှလုံးသား အလည်ဗဟိုတည့်တည့်ဆီ
ငါ့ကိုယ်ငါ
ပျံသန်း ပစ်လွှင့်လိုက်တယ်...
အချစ်နဲ့
ပြာလဲ့ ကြည်စင်သွားတဲ့
ညနေ တစ်ခင်းကို
မင်းမြင်တွေ့နိုင်ပါစေ
ချစ်သူ...
နူးညံ့စွာ
ဝင်းမွတ်လှလွင်နေတဲ့
လမင်းသခင်မလေး ရှေ့မှာ
ကြယ်တာရာ တစ်စင်းလို
ရဲဝံ့တောက်ကြွားစွာ
ခစား..
အဲဒီညက
အချစ်ကဗျာ တစ်ပိုဒ်ဟာ
ငါ့နှလုံးသား
တံခါးချပ်တွေကို
ရုန်းကန် တွန်းဖွင့်
ငါ့နှုတ်ဖျားဆီကတဆင့်
ပွင့်အံကျလာရဲ့...
ငါက
အဒီ ကဗျာလေးကို
ကြယ်တာရာတွေနဲ့အတူ
သံပြိုင်ဆိုတဲ့အခါ
အချစ် ဆိုတဲ့
ကဗျာဟာ
လေပြေညင်းတွေကနေ
နဂါးငွေ့တန်းတွေဆီ
ဖြတ်သန်းစီးဆင်း..
စကြာဝဠာ တံတိုင်းအဆင့်ဆင့်
ပဲ့တင်ထပ်နေခဲ့မယ်ဆိုတာ
နှလုံးသားစစ်စစ်ဖြင့်သာ
မင်း..
ကြားနိုင်လိမ့်မယ်
ချစ်သူ...။
လင်းဝေ
ငါ့ကိုယ်ငါ
မြားတစ်စင်းအဖြစ်
ဖန်ဆင်းပြီး
မြားနတ်မောင်ကြီးရဲ့ လေးကြိုးကို
ခြေစုံကန်..
မင်းရဲ့
နှလုံးသား အလည်ဗဟိုတည့်တည့်ဆီ
ငါ့ကိုယ်ငါ
ပျံသန်း ပစ်လွှင့်လိုက်တယ်...
အချစ်နဲ့
ပြာလဲ့ ကြည်စင်သွားတဲ့
ညနေ တစ်ခင်းကို
မင်းမြင်တွေ့နိုင်ပါစေ
ချစ်သူ...
နူးညံ့စွာ
ဝင်းမွတ်လှလွင်နေတဲ့
လမင်းသခင်မလေး ရှေ့မှာ
ကြယ်တာရာ တစ်စင်းလို
ရဲဝံ့တောက်ကြွားစွာ
ခစား..
အဲဒီညက
အချစ်ကဗျာ တစ်ပိုဒ်ဟာ
ငါ့နှလုံးသား
တံခါးချပ်တွေကို
ရုန်းကန် တွန်းဖွင့်
ငါ့နှုတ်ဖျားဆီကတဆင့်
ပွင့်အံကျလာရဲ့...
ငါက
အဒီ ကဗျာလေးကို
ကြယ်တာရာတွေနဲ့အတူ
သံပြိုင်ဆိုတဲ့အခါ
အချစ် ဆိုတဲ့
ကဗျာဟာ
လေပြေညင်းတွေကနေ
နဂါးငွေ့တန်းတွေဆီ
ဖြတ်သန်းစီးဆင်း..
စကြာဝဠာ တံတိုင်းအဆင့်ဆင့်
ပဲ့တင်ထပ်နေခဲ့မယ်ဆိုတာ
နှလုံးသားစစ်စစ်ဖြင့်သာ
မင်း..
ကြားနိုင်လိမ့်မယ်
ချစ်သူ...။
လင်းဝေ
Saturday, May 2, 2015
သံဝေဂ
...အသိ...
တနေ့က
လူသားတစ်ယောက်
လောကကို
အပြီးတိုင်နှုတ်ဆက်
ဒီဘ၀ကနေ
လက်ပြ ထွက်ခွာသွားတယ်....
ရှင်သန်ခဲ့တဲ့
ဒီ နှစ်တွေအတွင်း
သူ
ဘာ ကောင်းမှုတွေပြုခဲ့လို့
ဘာ မကောင်းမှုတွေပြုသွားခဲ့လဲ..
ဘာပဲဖြစ်ဖြစ်
ကောင်းရာသုဂတိ
ရောက်ပါစေလို့
ကျနော်
ဆုတောင်းပေးမိတယ်...
ဒီလိုနဲ့
ကျနော်ကိုယ် ကျနော်
မှန်ထဲ ပြန်ကြည့်တော့
ဟိုတုန်းကတည်းက
မလှခဲ့တဲ့ရုပ်က
ပိုပိုဆိုးလာသလိုပဲ..
ဘယ်အချိန်က
ပေါက်နေမှန်းမသိတဲ့
ဆံပင်ဖြူတွေက
ကျနော့်ခေါင်းပေါ်
ဟိုတစ်စ....ဒီတစ
ကျနော့်အဖိုး ပြောသလို
ပြောရရင်
သေမင်းကတော့
အလံ လာစိုက်နေပြီထင်ရဲ့...
တကယ်တော့
နုပျိုမှုဆိုတာကလဲ
တီဗွီဖန်သားပြင်ပေါ်က
ကြော်ငြာ တစ်ပုဒ်လောက်တောင်
ကြာရှည် မခံလိုက်သလိုပဲ..
ပါးရေ တွန့်နေတဲ့
အပြုံးတွေက
ကျနော်တို့ရဲ့ဇရာကို
ဖုံးကွယ်မထားနိုင်တော့ဘူးလေ...
မသေချာတဲ့
မနက်ဖြန်တွေမှာ
ဘာတွေဖြစ်လာမလဲ
ဒါလည်း
ကျနော်တို့ မသိနိုင်ဘူး...
ကျနော်တို့ဟာ
ဒီနေ့ရဲ့
သေချာတဲ့ ရှင်သန်မှုကိုပဲ
တန်ဖိုးရှိစွာ
အသုံးချရမယ်လေ...
ဘာပဲဖြစ်ဖြစ်ပေါ့ကွယ်
ရခဲလှတဲ့
လူ့ဘဝမှာ
ဗုဒ္ဓဘာသာ ဖြစ်ရခြင်းအတွက်
ကျနော့်ရဲ့ လူဖြစ်ရခြင်းကိုပဲ
မြတ်နိုးမဆုံးဘူး
ဖြစ်မိပါရဲ့...
လင်းဝေ
တနေ့က
လူသားတစ်ယောက်
လောကကို
အပြီးတိုင်နှုတ်ဆက်
ဒီဘ၀ကနေ
လက်ပြ ထွက်ခွာသွားတယ်....
ရှင်သန်ခဲ့တဲ့
ဒီ နှစ်တွေအတွင်း
သူ
ဘာ ကောင်းမှုတွေပြုခဲ့လို့
ဘာ မကောင်းမှုတွေပြုသွားခဲ့လဲ..
ဘာပဲဖြစ်ဖြစ်
ကောင်းရာသုဂတိ
ရောက်ပါစေလို့
ကျနော်
ဆုတောင်းပေးမိတယ်...
ဒီလိုနဲ့
ကျနော်ကိုယ် ကျနော်
မှန်ထဲ ပြန်ကြည့်တော့
ဟိုတုန်းကတည်းက
မလှခဲ့တဲ့ရုပ်က
ပိုပိုဆိုးလာသလိုပဲ..
ဘယ်အချိန်က
ပေါက်နေမှန်းမသိတဲ့
ဆံပင်ဖြူတွေက
ကျနော့်ခေါင်းပေါ်
ဟိုတစ်စ....ဒီတစ
ကျနော့်အဖိုး ပြောသလို
ပြောရရင်
သေမင်းကတော့
အလံ လာစိုက်နေပြီထင်ရဲ့...
တကယ်တော့
နုပျိုမှုဆိုတာကလဲ
တီဗွီဖန်သားပြင်ပေါ်က
ကြော်ငြာ တစ်ပုဒ်လောက်တောင်
ကြာရှည် မခံလိုက်သလိုပဲ..
ပါးရေ တွန့်နေတဲ့
အပြုံးတွေက
ကျနော်တို့ရဲ့ဇရာကို
ဖုံးကွယ်မထားနိုင်တော့ဘူးလေ...
မသေချာတဲ့
မနက်ဖြန်တွေမှာ
ဘာတွေဖြစ်လာမလဲ
ဒါလည်း
ကျနော်တို့ မသိနိုင်ဘူး...
ကျနော်တို့ဟာ
ဒီနေ့ရဲ့
သေချာတဲ့ ရှင်သန်မှုကိုပဲ
တန်ဖိုးရှိစွာ
အသုံးချရမယ်လေ...
ဘာပဲဖြစ်ဖြစ်ပေါ့ကွယ်
ရခဲလှတဲ့
လူ့ဘဝမှာ
ဗုဒ္ဓဘာသာ ဖြစ်ရခြင်းအတွက်
ကျနော့်ရဲ့ လူဖြစ်ရခြင်းကိုပဲ
မြတ်နိုးမဆုံးဘူး
ဖြစ်မိပါရဲ့...
လင်းဝေ
Subscribe to:
Posts (Atom)