ညထဲ
ပစ်ချ ခံထားရတဲ့
မြို့ပြကြီးရဲ့
သွေးကြော တလျောက်
ခေတ်ပေါ်ကားတွေက
တဝီဝီ စီးဆင်းလို့...။
ငါက...
ကြယ်တွေကို ခိုစီးပြီး
ကောင်းကင်ခရီး
ထွက်ချင်တဲ့ လူ..
မဖြစ်နိုင်ဘူး...ဟုတ်လား...
အထင်သေးတဲ့ မျက်လုံးနဲ့
မကြည်ပါနဲ့ကွယ်...။
မင်း မသိလို့ပါ...
ဆင်းရဲသားလဲ
ဂျိန်းစ်ဘွန်း အိပ်မက်
မက်ခွင့် ရှိတယ်ဆိုတာ...။
ရှိပါစေလေ
ဘာမရှိဘူးးဆိုတာကို
ဘာမှ မရှိတဲ့အကြောင်း
ဘာမှ မသိကြသေးတဲ့လူတွေကို
ဘာမှ ရှင်းမပြချင်ဘူး...။
ထားခဲ့လိုက်ပါ
ညနေခင်း အသေတွေနဲ့အတူ
ငါ့ကို ထားခဲ့လိုက်ပါ
မာယာတွေနဲ့
ပုပ်အက်နေမယ့်
မနက်ဖြန်တွေမှာ
ငါ မရှင်သန်ပါရစေနဲ့...။
အက်ကွဲ ကြေမွသွားတဲ့
အိပ်မက် အပိုင်းအစတွေနဲ့
လှချင်တိုင်း လှနေတဲ့
ညတည အကြောင်း...
ကောင်းကင်ရဲ့
ဒိုင်ယာရီမှာ
အမှတ်တရ အဖြစ်
ကဗျာ တစ်ကြောင်းလောက်
ငါ...
ရေးစပ်လိုက်ပါရစေ......။
လင်းဝေ
No comments:
Post a Comment