Saturday, January 4, 2014

နှုတ်ဆက်ခြင်း(သို့)ကြိုဆိုခြင်း



ဘာတွေ စာစီရမလဲ

အလွမ်း ဒီဂရီ

၁၀၅ ဖာရင်ဟိုက်မှာ

တမ်းတစိတ်တွေ မိုက်ခနဲ မိုက်ခနဲ

သတိတွေ လစ်တချက် မလစ်တချက်

ဘာတွေကို စွန့်ပစ်လို့

ဘာတွေကို သိမ်းဆည်းထားရမလဲ

အလူးအလဲ ကစားနေရတဲ့

ဒီ ဘ၀ဆိုတဲ့ ဘောလုံးပွဲကတော့

တစ်ရာသီ ကုန်ဆုံးသွားပြန်ပြီ

ကိုယ့်ကိုယ်ကို မိုးအဖြစ် ရွာချရင်း

ကိုယ့်ကိုယ်ကို ရေခိုးအဖြစ် အငွေ့ပြန်ရင်း

ကိုယ့်ကိုယ်ကို မိုးတိမ်အဖြစ် ရွေ့လျားရင်း

အိမ်ပြန် မလှည့်နိုင်သေးတဲ့ ခြေလှမ်းတွေနဲ့ပဲ

၂၀၁၃ ကို ပြုံးပြုံးလေး နှုတ်ဆက်ပါရစေ

၂၀၁၄ မှာ

အရာရာ အေးချမ်းကြပါစေ....လို့

Linn Wai

No comments:

Post a Comment