Saturday, January 4, 2014

ကဗျာဆိုတာ...

ကဗျာဆိုတာ

နှလုံးသားကနေ

ဦးနှောက်ဆီ

ဖြတ်သန်းလာတဲ့

ရင်ခုန်သံ

ကြိမ်နှုန်းမြင့်

ရေဒါတစ်ခု...။

ကဗျာဆိုတာ

တယောက်ရင်ဘတ်ဆီကနေ

တယောက်ရင်ဘတ်ဆီ

အဆီးအတားမဲ့

စီးဆင်းနိုင်တဲ့

ဒြပ်မဲ့ မြစ်တစ်စင်း....။

တခါတခါ လေပြေလိုနူးညံ့

တခါတခါ မုန်တိုင်းလိုပြင်းထန်

တခါတခါ ဖော့ဖယောင်းလို ပျော့ပျောင်း

တခါတခါ ဓားတောင်လို ခိုင်မာ...

တကယ်တော့

ကဗျာဆိုတာ

့ရင်ထဲက ခံစားရခိုက်

နှလုံးသားကနေ

ဖူးပွင့်လိုက်လို့

လင်းလက်တောက်ပနေတဲ့

အလှဆုံး အနူးညံ့ဆုံး

ပန်းတစ်ပွင့်ပါပဲ...။

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment