ငါတို့ဘ၀တွေ
အသစ်က ပြန်စတဲ့နေ့ကျရင်
အေးမြလတ်ဆတ်တဲ့
လေကောင်းလေသန့်တွေ
တခုတ်တရ ရှိုက်ဖွာ
ငါ လွမ်းဆွတ်မိတဲ့
တောင်တန်းပြာပြာတွေရဲ့ အကြောင်း
ငါ မင်းကို
အားပါးတရ
ပြောပြချင်သေးတယ်...
အဲဒီအခါကျရင်
သူများတွေ အထင်ကြီးကြတဲ့
“နိုင်ငံခြား” “နိုင်ငံခြား” ဆိုတဲ့
ဝေါဟာရဟာ
သူများ လက်ခုတ်တွေထဲက
ရေစက်ရေပေါက်တွေရဲ့ ဘ၀ဆိုတာ
ရယ်စရာ မောစရာအဖြစ်
ပြန်ပြောကြတာပေါ့...
ဒါ ငါ့တိုင်းပြည်ဆိုတဲ့ လုံခြုံမှုမျိုး...
ဒါ ငါ့ဘာသာဆိုတဲ့ ယုံကြည်မှုမျိုး...
ဒါ ငါ့လူမျိုးဆိုတဲ့ နွေးထွေးမှုမျိုး...
ဒါ ငါ့ဇာတိဆိုတဲ့ အေးချမ်းမှုမျိုး...
ညည တရေးနိုးတိုင်း တမ်းတ
အမိမြေကို လွမ်းကြရတဲ့
တစ်ထောင့် တစ်ညတွေ အကြောင်း
ဒဏ်ရာတွေနဲ့ ပြုံးပြခဲ့ရတဲ့
နိစ္စဓူဝတွေနဲ့
ဝေဒနာနဲ့ ရယ်ပြခဲ့ရတဲ့
နေ့ရက်တွေ အကြောင်း..
လွမ်းစရာကောင်းလောက်အောင်
ရင်နာနာနဲ့ ပြောပြချင်သေးတယ်...
တနေ့နေ့ဆိုတဲ့
မျှော်လင့်ချက် တစ်ခုမှာ
ပြက္ခဒိန်တွေ
တစ်ရွက်ပြီးတစ်ရွက်
ထိုးထိုးကျွေူးရင်း
အိမ်ပြန်ရက်စွဲတွေ
ဝေးနေရဆဲပါ အမေ....။
လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)
No comments:
Post a Comment