Friday, January 27, 2012

ဆောင်းညရဲ့ ထာဝရရင်ခုန်သံ


ချစ်လေး...
အဲဒီညက
ထာဝရအေးမြတဲ့
အကြင်နာ အကြည့်တွေအောက်
မင်းနှလုံးသားလေးဟာ
သံယောဇဉ်ကြိုးတွေနဲ့
လှိုက်ဖိုတုန်ခါနေရဲ့...။
ချစ်လေး..
အဲဒီညက
ဖြာကျနေတဲ့
လရောက်ဖွေးဖွေးအောက်
မင်းမျက်နှာ လှလှလေးက
ရှက်သွေးတွေနဲ့
စိုလဲ့နေရဲ့...။
ချစ်လေး..
အဲဒီညက
ပကာသနမပါတဲ့
အပြာရောင် ချစ်ခြင်းတွေအောက်
မင်းနှုတ်ခမ်းနုနုလေးက
အနမ်းနွေးနွေးတွေနဲ့
ရွှန်းမြနေရဲ့..။
ချစ်လေး...
အဲဒီလှပတဲ့ ညကလေးထဲ
ကိုတို့နှစ်ယောက်ဟာ
တယောက်ကိုတယောက်
မြတ်နိုးစွာပွေ့ဖက်ရင်း
တယောက်ရင်ခွင်မှာတယောက်
နွေးထွေးနေကြရင်း
တယောက်အနမ်းကိုတယောက်
တုံပြန်ကြရင်း
တယောက်ဘ၀ကိုတယောက်
ပေးဆပ်ရင်း
တယောက်ကိုတယောက်
ချစ်လို့မ၀နိုင်ခဲ့ကြ

နှင်းတွေနဲ့ အေးမြတောက်ပနေတဲ့
အဲဒီညလှလှကလေးဟာ..
ကိုတို့နှစ်ယောက်ရဲ့ ဘ၀လေးကို
ပေါင်းစည်းစေခဲ့တယ်...။


လင်းဝေ (ရွှေဘို)

No comments:

Post a Comment