Sunday, January 15, 2012

ဘ၀ရဲ့ကာရံ

ဘယ်လောက်ဝေးလဲ
နှလုံးသားတစ်ခုစာ
ခြားထားတဲ့အရပ်မှာ
ငါ မင်းကို
သိပ်သိပ်သည်းသည်း
လွမ်းဆွတ်တမ်းတနေပါတယ်
ချစ်သူ...
ဘယ်လောက်ထိလွမ်းလဲ
မျက်ရည်တွေ
ခွဲခြမ်းစိတ်ဖြာ မပြနိုင်ပေမယ့်
စက္ကန့်တချက်ရွေ့တိုင်း
အသက်ရှူသံတိုင်း
ငါ မင်းကို
မြတ်မြတ်နိုးနိုး
ချစ်နေပါတယ်
ချစ်သူ...
ဘယ်လောက်ထိ ချစ်လဲ
နှစ် လ ရာသီတွေ မလိုဘူး
နေရောင်ခြည် မလိုဘူး
လရောင် မလိုဘူး
ငါ မက်မောတဲ့
ဘ၀တိုတိုလေးက
မင်းတစ်ယောက်ထဲနဲ့
ပြည့်စုံပါတယ်
ချစ်သူ..
လင်းဝေ(ရွှေဘို)

No comments:

Post a Comment