Wednesday, April 6, 2011

...တစ်ခန်းရပ်...

ညီမလေးရေ...
မီးမထွန်းဘဲ
ရောက်ရောက်လာတဲ့
အထီးကျန်ညတွေက
ငါ့ဘ၀မှာ
များလွန်းပါတယ်ကွယ်...
အယောင်ဆောင်တွေ များလှတဲ့
ဟောဒီ
ပွယောင်းယောင်းလောကကြီးထဲ
ငါဟာ
လမ်းဟောင်းကြီးအတိုင်း
ငြီးငွေ့စွာ လျှောက်နေမိရဲ့...
မင်းမသိခဲ့တာလည်း ဖြစ်မယ်..
မင်းသိပေမယ့်
လစ်လျူရှုခဲ့တာလည်း
ဖြစ်ချင်ဖြစ်မယ်....
ငါကတော့
တို့နှစ်ယောက်ရဲ့ အမှတ်တမဲ့လေးကို
သတိရတိုင်း
ထုတ်ထုတ်ကြည့်နေမိဆဲပါ...
ညီမလေးရေ..
ပီပီသသ
ကြားလိုက်ရတဲ့
ဥသြသံ သဲ့သဲ့ဟာ
တို့နှစ်ယောက်ခွဲခွာဖို့အတွက်
အချက်ပေးလိုက်တာများ
ဖြစ်နေမလား...
ညီမျှခြင်းရဲ့`
တစ်ဖက်စီမှာနေရင်း
ကိုယ့်တန်ဖိုးကိုယ်
မြှုင့်နေကြတဲ့
တို့နှစ်ယောက်အတွက်
ဝေးကွာခြင်းဟာ
အကောင်းဆုံး
ဆုလဒ်တစ်ခုပါပဲ....။

သားထက် (မုံရွာ)

No comments:

Post a Comment