Tuesday, January 3, 2017

ဘာအရေးကြီးသလဲ

"ဘာအရေးကြီးသလဲ"

နေရာက အရေးမကြီးဘူး
ဘယ်လိုနေသလဲ ဆိုတာက အရေးကြီးတယ်

အရည်အချင်းရှိတဲ့လူတယောက်အတွက်
ရောက်တဲ့နေရာဟာ
ကိုယ့်အတွက် နေရာကောင်းပါပဲ

ပတိရူပ ဒေသဝါသောစ တဲ့
ကိုယ်နဲ့ သင့်တော်တဲ့အရပ်ဒေသကို
ရွေးချယ်တတ်ဖို့တော့လိုတယ်

လူညံ့တွေက ပတ်ဝန်းကျင်အတိုင်းလိုက်ပြီး
ပြောင်းလဲတတ်ကြတယ်

လူတော်တွေကတော့ သူတို့ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်နိုင်တယ်

လူတော် လူကောင်းများ ဖြစ်ကြပါစေ

လင်းဝေ

No comments:

Post a Comment