Monday, November 28, 2016

"အသိ၊ သတိ"


ကျနော်တို့ စိုက်ပျိုးခဲ့တဲ့ အသီးကိုပဲ ကျနော်တို့ စားသုံးရမှာပါပဲ
ကျနော်တို့ပြုခဲ့ အတိတ်ရဲ့ ကောင်းကံဆိုးကံတွေဟာ ကျနော်တို့နောက်မှာ ကျနော်တို့နဲ့အတူ အရိပ်ပမာ အမြဲလိုက်ပါလာမယ်ဆိုတာကတော့ လောကရဲ့ အမှန်တရားပါပဲ

 ဒါပေမယ့် "ဗောဓိပင်ချိုး ရွှေအိုးရ ဗောဓိပင်ပျိုး ပေါင်ကျိုးရ" ဆိုတဲ့ တရားတော်လေးကိုလည်း ဆင်ခြင်သင့်ပါတယ်

ဒီဘဝမှာ မကောင်းမှုပြုလျှင် အတိတ်ဘဝက ကောင်းတဲ့ကံတွေ မှေးမှိန်စေပြီး ဒီဘဝမှာ ကောင်းမှုပြုလျှင် အတိတ်ဘဝက မကောင်းတဲ့ကံတွေကို တားဆီးပေးနိုင်ပါတယ်

ကုသိုလ်ကောင်းမှု ဘုရားတရားကိုတော့ အချိန်ရတိုင်းပြုကြပါလို့

အားလုံး ဘေးရန်ကင်းကြပါစေဗျာ

လင်းဝေ

No comments:

Post a Comment