Thursday, April 7, 2016

တရား

မြတ်စွာဘုရားသည် ပါရမီဖြည့်ကျင့်သည့် ၄ သင်္ချေ ကမ္ဘာ ၁ သိန်း ကာလပတ်လုံး အများသတ္တဝါတို့ အကျိုးစီးပွားအတွက် ပြုနိုင်ခဲသော စွန့်ခြင်းကြီးငါးပါးအတွက် ဘဝတိုင်း ဘဝတိုင်း မြင့်မြတ်စွာ စွန့်လွှတ်အနစ်နာခံခဲ့သည်။

တစ်နေ့ပြီးတစ်နေ့ တစ်ဘဝပြီးတစ်ဘဝ ဖြတ်ကျော်သွားနေရသော သံသရာတလျှောက်၌

မသိမှားမှုတို့ကြောင့် ပြုမိမှား၊ ပြောမိမှားမှုတို့ကြောင့် နောင်တအထွေထွေ ၊ ပူပန်သောကအထွေထွေတို့ ဖြစ်ရခြင်းသော်လည်းကောင်း၊ အဝိဇ္ဇာအမှောင်၌ ယုံမှားတွေဝေခြင်း အမျိုးမျိုးဖြင့် အဆိုးကို အကောင်းထင် ၊ ဒုက္ခကို သုခထင်လျှက် လမ်းလွဲလျောကျခြင်းတို့မှ လည်းကောင်း၊ မဆုံတွေ့လိုသော်လည်း ကြုံတွေ့ရတတ်သည့် မချစ်မနှစ်သက်သောသူ၊ မချစ်မနှစ်သက်သော အရာတို့နဲ့ အတူတူ ခရီးဆက်ရခြင်းကြောင့် ရန်ငြှိုဒေါသတို့ဖြင့် စိတ်ပင်ပန်းကိုယ်ပင်ပန်း ဖြစ်ရခြင်းတို့မှလည်းကောင်း၊ ချစ်သောအရာ မြတ်နိုးသောအရာတို့နှင့် လမ်းခုလတ်၌ ခွဲခွာနှုတ်ဆက် ကြေကွဲဝမ်းနည်းရခြင်းတို့မှလည်းကောင်း ၊ ရင်မဆိုင်လိုသော်လည်း ရင်ဆိုင်လာရမည့် အို၊ နာ၊ သေခြင်း ဒုက္ခတို့မှလည်းကောင်း လွန်မြောက်ရာသို့ ညွှန်ပြတော်မူသော အရှင်မြတ်စွာဘုရားအား တပည့်တော်သည် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရာ...

သာဓု သာဓု သာဓု

ဖတ်မိသမျှ
လင်းဝေ

No comments:

Post a Comment