Tuesday, January 26, 2016

ဆောင်းည

...ဆောင်းည...

နှင်းတံခါးတွေရဲ့
အဖွင့်အပိတ်မှာ
ငါ့နှလုံးသားတစ်စုံဟာ
ခိုက်ခိုက်တုန်လို့...

မြောက်ပြန်လေဟာ
ငါ့တစ်ရာသီလုံးကို
အေးစိမ့်နေအောင်
ထွေးပွေ့လွှမ်းခြုံထားရဲ့...

ဆောင်းညဟာ
လွမ်းစရာ
ကောင်းလောက်အောင်
ချမ်းတယ်...

လင်းဝေ

No comments:

Post a Comment