Thursday, November 27, 2014

စွမ်းအား


တချို့လူတွေအတွက်
လွယ်ကူပေမယ့်
...
ငါ့အတွက်တော့
ခက်ခက်ခဲခဲ
ရုန်းခဲ့ရတာ ချည်းပဲ...
လူတချို့က
ငွေမရှိဘူးဆိုရင်
ပြုံးပြနှုတ်ဆက်တာတောင်
တုတ်နဲ့ ရိုက်တာထက်
နာတတ်ကြရဲ့...
ဒီလောကကြီးဆီက
ယူခဲ့တာတွေ များခဲ့သလား
ငါ့မှာ
ပေးဆပ်ပြီးရင်း ပေးဆပ်နေရ..
သံသရာကြွေးတွေ ကျေတော့
ဘ၀အဆက်ဆက် ထမ်းခဲ့ရသမျှ
ပေါ့သွားတယ်လို့ပဲ
တွေးလိုက်တယ်...
ရှုံးနိမ့်မှုတွေ...
အခက်အခဲတွေ ...
ပြီးသွားရင်...
အောင်မြင်မှုဆိုတာ
အလိုလို ရောက်လာမှာပေါ့...
ငါ့ခြေထောက်တွေကို
ပန်းတိုင်အရောက်လျှောက်ဖို့
အားပေးထားတယ်...
ချစ်သူရယ် မင်းအပြုံးတချက်နဲ့
မင်းသာ ငါ့အနားရှိရင်..
စကြာဝဠာကြီး တစ်ခုလုံးဆိုရင်တောင်
ငါ ထမ်းထားရဲပါတယ်...။
လင်းဝေ

No comments:

Post a Comment