သက်တမ်း ၇၅ နှစ်မှာ
ဖြစ်ချင်တာတွေ...
မဖြစ်သေးတာတွေ...
ဖြစ်သင့်တာတွေ...
ဖြစ်နေတာတွေ....
.......
ဖြစ်....ပျက်..ဖြစ်..ပျက်..
...
ကျနော်နဲ့ လူတွေ
သူတို့က အမှိုက်ဖြစ်လိုက်
ကျနော်က အမှိုက်ဖြစ်လိုက်
မိုက်ဖော်မိုက်ဖက် အချင်းချင်း
အိပ်မက်တွေ မီးခိုလို အူကြ...
အနှစ် ၃၀ စာ လူ့အဖြစ်မှာ
ခေတ်ကြီးကို ခါးထစ်ခွင်ရင်း
ရုပ်ဝတ္ထု အဖောင်းအပွတွေ
ကြိုက်ရောင်းကြိုက်ဝယ် လောကဓံတွေနဲ့
ရင်ခုန်သံ အတုတွေကြား
ကိုယ့်ဘ၀ကိုယ်
စက်ရုပ်ဆန်ဆန်
မောင်းနှင်ခဲ့ရတယ်....။
လူသားတစ်ယောက်ရဲ့ ဘ၀မှာ
တကယ့် အလှဆိုတာ
နှလုံးသားက လာတဲ့
မေတ္တာတရား စစ်စစ်
ကိုယ်ချင်းတရား စစ်စစ် ဆိုတာ
လူတွေက
မေ့နေကြတာလား
မေ့ပစ်လိုက်ကြတာလား
မေ့သွားကြတာလား...
ဖြစ်နိုင်မယ် ဆိုရင်
လူတိုင်းရဲ့ နှလုံးသားထဲမှာ
ရင်ခုန်သံ စစ်စစ်တွေ
ပြန်ပြီး တပ်ဆင်ပေးချင်တယ်....။
၇၅ နှစ်သက်တမ်းမှာ
ငါတို့ဟာ ဘယ်လောက်ထိ
ဆက်ရှင်သန်ဖို့
မျှော်မှန်းနိင်မှာလဲ...
တကယ်တော့
လူ့ဘ၀ရဲ့ အနှစ်သာရဆိုတာ
လူသားရဲ့
အမြင့်မြတ်ဆုံး နှလုံးသားပါပဲ...
အများကြီးမလိုပါဘူးကွာ
ဘ၀ဆိုတာ
အမြင့်မြတ်ဆုံး နှလုံးသားနဲ့
အကောင်းဆုံးကြိုးစားရင်း
ပေါ့ပါးရိုးသားစွာ
ဖြတ်သန်းပစ်လိုက်ဖို့ပါပဲ..။
လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)
No comments:
Post a Comment