Monday, May 6, 2013

...လမ်းလျှောက်သူများ...



ဘယ် “နေ့” လဲ...

ဘယ် “ည” လဲ...

ဘယ် “အချိန်” လဲ....

ငါတို့ မသိနိုင်တဲ့

နေ့စွဲတစ်ခုမှာ

ငါတို့

အသက်ရှူခြင်းတွေအားလုံးဟာ

ရပ်တန့်သွားကြမှာပါ...။

ဘယ်လို ရောဂါမျိုးတွေက

ငါတို့ကို နှိတ်စက်

ဘယ်သုဿန်မှာ

မြှုပ်နှံမှာကြမှာလဲ...

ဒါကလဲ

ငါတို့ ဖွင့်ဖတ်ခွင့်မရှိတဲ့

မရဏမင်းလက်ထဲက

ပဟေဠိဆန်မှု တစ်ခုပါပဲ...။

ငါတို့ဟာ

ဘယ်ကို သွားရမယ်မှန်းမသိတဲ့

သံသရာရဲ့

မျက်ကန်းခရီးသည်များ...

အချစ် ၊ အလွမ်း ၊ အမုန်း....

လောဘ၊ ဒေါသ ၊ မောဟ...

အနိုင်အရှုံး အနိမ့်အမြင့်...

ဖောက်လွဲဖောက်ပြန်

လောကဓံ ၀ဲဂယက်ထဲ

အိပ်မက် အတုယောင်တွေနဲ့

လမ်းပျောက်ရင်းပ..

ဒီလိုနဲ့

ဒီခရီးကို

ထက်ဝက်ကျိုးလုလု

အမှုမှတ်မဲ့စွာ

စီးဆင်းခဲ့ပြီးပြီ..။

လင်းဝေ (မုံရွာနည်းပညာ တက္ကသိုလ်)

No comments:

Post a Comment