Friday, January 7, 2011

အချစ်ဖြင့်စီရင်ပြီးသည့်နောက်...

ညည
အိပ်မက်တွေ
မက်မက်နေရတာကိုက
ရှုတ်တယ်...
တကယ်တော့
ဘ၀ဆိုတာ
ခဏလေးပါ...
ဘာကြောင့်
ငါဟာ..
မသာယာနိုင်ခဲ့တာလဲ?
လမ်းတွေက
သူတို့လိုရာခရီးကို
မလျှောက်နိုင်ခဲ့ကြဘူး....
မီးတိုင်တွေက
သူတို့ဘ၀ကို သူတို့
မထွန်းညှိနိုင်ခဲ့ကြဘူး..
ကမ္ဘာကြီးကလည်း
သူ့ကိုယ်သူ
မရပ်တန့်နိုင်ခဲ့ဘူး...
ချစ်သူရယ်
နင့် အချစ်တွေဆီ ဆိုက်ရောက်ခွင့်မရှိတဲ့...
နင့် အချစ်တွေနဲ့ လင်းလက်ခွင့် မရှိတဲ့...
နင့်ကို ချစ်တဲ့ အချစ်တွေ ရပ်တန့်ခွင့် မရှိတဲ့..
ငါ့ရဲ့ နှလုံးသားဟာ
နင့်ရဲ့ ဆည်းလည်းသံလေးကိုပဲ
နားစွင့်နေပါတယ်...
ငါ ...နင် မကြားနိုင်တဲ့
ရင်ခုန်သံလေးနဲ့တိုးတိုးလေး ချစ်နေပါတယ်...
ဘာအတွက် ပူလောင်နေကြသလဲ...
ငါ အေးအေးချမ်းချမ်းလေးပဲ နေပါရစေ...
ဘာအတွက် ဆူညံနေကြသလဲ..
ငါ တိတ်တိတ်ဆိတ်ဆိတ်လေးပဲ နေပါရစေ...
ဘာအတွက် ရှုတ်ယှက်ခတ်နေကြသလဲ
ငါ ရှင်းရှင်းလင်းလင်းပဲ နေပါရစေ...
ချစ်သူရယ်
ခုဆိုရင်
ငါဆိုတဲ့ ကောင်ဆိုးလေးဟာ..
လေပြေလေးလှုပ်ခတ်လိုက်တာကိုတောင်
လန့်လန့်နိုးတတ်နေပြီ..
တကယ်ပါ
နင့်အကြောင်းတွေးဖို့ဆိုရင်
ညည
အိပ်မက်တွေ
မက်မက်နေရတာကိုက
ငါ့အတွက်
ရှုတ်တယ်...

သားထက် (မုံရွာ)

No comments:

Post a Comment