Tuesday, January 12, 2010

ဆုံးရှုံးမှု

အို....အဖ
ဘယ်နတ်ဆိုးက
မိုးမှောင်ချခဲ့ပါသလဲ
ကျွန်တော်တို့အားလုံး
အလင်းရောင်ငတ်ခဲ့တယ်
အိမ်ပြန်ဖို့ဝေးနေတဲ့
ခြေထောက်တွေနဲ့
အနှိမ်ခံ
ဆို့နင့်ရင်ဘတ်တွေ
ဘယ်သူက
ဖတ်ရှုနားလည်ပေးခဲ့လို့လဲ
တတ်သလောက်
မှတ်သလောက်
အသိဥာဏ်လေးနဲ့
ကျွန်တော်တို့
ရုန်းကန်နေရတယ်.... အဖေ
တောတောင်ရေမြေ
သဘာဝတွေနဲ့
လှပနေတဲ့
အမိမြေ
ကျွန်တော်တို့
ချစ်လျှက်နဲ့
စွန့်ခွာခဲ့ရတယ်


သားထက်(မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment