Monday, December 12, 2016
«ရေစက်များ»
ဘဝမှာ
ကျနော့်အပေါ် ကောင်းတဲ့
စေတနာထားကြတဲ့
လူတော်လူကောင်းတွေ
မိဘတွေ
ဆရာဆရာမတွေ
အစ်ကိုအမတွေ
ညီငယ်ညီမငယ်တွေ
သူငယ်ချင်းမိတ်ဆွေတွေနဲ့
တော်တော်များများ
ဆုံခွင့်ရတယ်...
အဲ့ဒီ
တွေ့ဆုံရခြင်းတွေအတွက်
ကျနော့်ရဲ့လူဖြစ်ရခြင်းကို
ကျေနပ်တယ်...
ကျနော်အပေါ်
မကောင်းတဲ့သူတွေ
စေတနာမထားတဲ့သူတွေ
ဆုံတွေ့ရပေမယ့်
အရေအတွက်နည်းတယ်...
သူတို့ကြောင့်
ဘဝသင်ခန်းစာတွေ
ရတဲ့အတွက်လည်း
ကျနော့်ရဲ့လူဖြစ်ရခြင်းကို
ကျေနပ်တယ်...
ဒီနေ့
ပရဟိတ ဝါသနာပါတဲ့
အင်တိုက်အားတိုက်လုပ်နေတဲ့
အစ်ကိုကြီး တယောက်နဲ့
ခင်မင်ခွင့်ရတယ်
သူ့ရဲ့ပရဟိတ
လုပ်ငန်းတွေသိရတာ
အားကျကျေနပ်မိတယ်
တနေ့
ကျနော်လည်း
သူ့လိုမျိုး လုပ်နိုင်ဖို့
ကြိုးစားရမယ်
ဘဝဆိုဟာ
ဖြတ်သန်းရင်းနဲ့
ကျနော်တို့တွေကို
တဖြည်းဖြည်း
ရင့်ကျက်လာစေတဲ့
ကျောင်းတော်ကြီးပေါ့ဗျာ...
ဘဝမှာ
ခံယူချက် တူညီတဲ့သူတွေဟာ
တဖြည်းဖြည်း ပိုပိုပြီး နီးလာကြသလို
ခံယူချက် မတူညီတဲ့သူတွေဟာ
တဖြည်းဖြည်း ပိုပိုပြီး ဝေးသွားကြတာကိုလည်း
သိလာရတယ်...
ဒါတွေဟာ
အတိတ်အကြောင်းတရားတွေကနေ
ဖြစ်တည်လာတဲ့
ရေစက်တွေပါပဲ...
လင်းဝေ
No comments:
Post a Comment