Tuesday, January 26, 2016
ဆောင်းည
...ဆောင်းည...
နှင်းတံခါးတွေရဲ့
အဖွင့်အပိတ်မှာ
ငါ့နှလုံးသားတစ်စုံဟာ
ခိုက်ခိုက်တုန်လို့...
မြောက်ပြန်လေဟာ
ငါ့တစ်ရာသီလုံးကို
အေးစိမ့်နေအောင်
ထွေးပွေ့လွှမ်းခြုံထားရဲ့...
ဆောင်းညဟာ
လွမ်းစရာ
ကောင်းလောက်အောင်
ချမ်းတယ်...
လင်းဝေ
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment