အသိတရား
တခါတရံ
လူတစုရဲ့
အသိနည်းတဲ့
မိုက်လုံးကြီးတဲ့
အတ္တကြောင့်
သစ်တောတွေပြုံး ၊
တောင်တွေပြုံး၊
မြစ်တွေလည်းဆုံးရှုံးနိုင်သလို...
ဘယ်လို
သယံဇာတ
ပေါကြွယ်ဝပေမယ့်
မွဲပြာကျပြီး
ကြွေးတင်နေတဲ့
ဘဝတွေဟာ
လက်တစ်ဆုပ်စာ အတွက်
စတေးပစ်ခံနေရတယ်ဆိုတာ
...
လူဆိုတာ
ကိုယ့်တစ်ဖို့တည်း အတွက် မစဉ်းစားရဘူး..
ကိုယ့်လုပ်တဲ့ အလုပ်အတွက်
ကိုယ့်ပတ်ဝန်းကျင်
ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး
ကိုယ့်မျိုးဆက်သစ် နောင်လာနောက်သားတွေအတွက်
ကောင်းကျိုး ဆိုးပစ်တွေကိုလည်း
စဉ်းစားပြီး
လုပ်ကြဖို့ဆိုတဲ့
အသိတရားတစ်ခုဟာ
ဘယ်လောက်ထိ
အရေးကြီးသလဲဆိုတာ...
ဒါဟာ
ငါတို့ ရင်ထဲက
ကိုယ်ချင်းစားတရားနဲ့အတူ
ရှိနေသင့်တဲ့
လူသားဆန်တဲ့
အသိတရားတစ်ခုဆိုတာကိုပေါ့..။
လင်းဝေ
No comments:
Post a Comment